💗 18 💗

15K 1.2K 52
                                    

At Golden construction,

At CEO office,

"မနေ့က လုပ်ရမယ့်ဟာတွေ အကုန်ပြောပြထားလား မင်းမင်း "

"ဟုတ် ပြောပြထားပါတယ်
ဒီနေ့ စလုပ်မယ်ပြောပါတယ် CEO "

"ကောင်းပြီ ကျန်တာ သူဘာပြောသေးလဲ "

"ဘာမှမပြောပါဘူး CEO
လစာ ပဲမေးပါတယ် "

"အဲအတွက်မပူနဲ့လို့ပြောလိုက် "

"ဟုတ် CEO "

ဒေါက် ဒေါက်

"ဘယ်သူလဲ သွားဖွင့်ပေးလိုက် "

"ဟုတ် "

တံခါးသွားဖွင့်ပေးတော့ ဝင်လာသူက

"ဟင် မင်း မသွားဘူးလား
Silver construction ကို"

"သွားတယ်လေ ပြန်လာတာ "

"ဘာကိစ္စနဲ့ ပြန်လာတာလည်း
အလုပ်ကို ဘယ်လိုလုပ်နေတာလဲ "

"CEO ခင်ဗျ
ကျွန်တော်ပြောလေးတော့ နားထောင်ပါဦး "

အကျိုးအကြောင်းမသိပဲ ပြောဖို့ပဲသိတယ်
Daddy ကြောင့်သာ မဟုတ်ရင် ခင်ဗျားဆီ လုပ်မနေဘူး

"ပြော "

"သွားပါတယ် ဗျ
သွားတာတောင် အစောကြီးသွားတာ
ဒါပေမယ့် ခုတောင် ၁၂ ထိုးတော့မယ်
အဲဘက်က CEO ရောက်မလာဘူး
ကြားရတာ ဒီနေ့ ခွင့်ယူတယ်ဆိုလားပဲ "

"သေချာလား "

"သေချာပါတယ်ဗျ ဒီလို ပြူးပြူးပြဲပြဲ ကိုကြည့်ခဲ့တာ "

ပြောလည်း ပြောသေး
မျက်စိလည်း ပြူးပြသေး
ဘယ်လိုဟာမှန်းကို မသိဘူး

အဟက်

"ဘာလဲ ခင်ဗျား ဘာထရယ်တာလဲ
ကျွန်တော်အလုပ်သေချာကြောင်း CEO ကိုရှင်းပြနေတာလေ "

ဒေါက် ဒေါက်

"လာပြန်ပြီ သွားကြည့်ဦး မင်းမင်း"

"ဟုတ် CEO "

ဒီတစ်ခါ ဖွင့်ပေးတော့ ဝင်လာသူလေးက

"ငယ် "

ထိုင်နေရာကနေတောင် ထလာပြီး
အံ့သြမှု ကြည့်နူးမှု ကြင်နာမှုဆီသို့ ချက်ချင်းပြောင်းသွားသော CEO မျက်နှာ
ခေါ်လိုက်တဲ့ အသံလေးကအစ ခုနက မာကျောတဲ့ အသံမဟုတ် နူးညံ့လိုက်တာ ၊ မျက်နှာထက် အပြုံးမမည်သော အပြုံးလေးတစ်ခု

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now