💗 29 💗

14.8K 1.2K 115
                                    

In U.S,

တစ်နေကုန်အလုပ်တွေပြီးတော့ hotel
ပြန်နားသည်

အိပ်ယာပေါ်ရောက်ကာမှ Laptop ဖွင့်ကြည့်တော့ စစ်သွေးပို့ပေးထားသော
File ဝင်လာသည်

File ဖွင့်ကြည့်တော့ ပို့ထားတဲ့ပုံတွေကြောင့် မျက်နှာထက် အပြုံးတို့ဝေစေသည် ပင်ပန်းမောပန်းတာတွေ အကုန်ပျောက်

ကိုယ့်ရဲ့အမောပြေလေး သျှင်မင်းဆက်
လူကသာ U.S ရောက်နေတာ
စိတ်ကသူလေးဆီ ဒါကြောင့် ကြွေရုပ်လေး နောက်ကိုအမြဲလိုက်ပြီး စောင့်ရှောက်ဖို့ လူတွေခန့်ထားခဲ့တာ စစ်သွေးကိုလည်း ကြွေရုပ်လေးအကြောင်း အမြဲ report တင်ဖို့
မှာခဲ့တာ ဒါကြောင့် မြန်မာနိုင်ငံက ထွက်လာပြီးကတည်းက ကြွေရုပ်လေးအကြောင်း မသိတာမရှိသေး

Screen ထက်ပြုံးပျော်နေသူလေး
လည်ပင်းထက် ကျွန်တော်ဝယ်ပေးထားတဲ့
ဆွဲကြိုးလေး ခုထိဝတ်ထားတုန်း

ခုဆို သူငယ်ချင်းတွေတောင်ရနေပြီပေါ့
သူငယ်ချင်းပဲ ရပါ ၊ တခြားရှုပ်ရှုပ် ရှက်ရှက် အသံကြားလို့ကတော့ ချက်ချင်းလာခိုးပစ်မယ်

ကြွေရုပ်လေးပျော်ရင် ကိုယ်ပျော်တယ်
ကျေးဇူးပါ မင်းဓန သျှင်မင်းအပြုံးလေးတွေ
မပျောက်အောင် ထားပေးလို့ပါ
နေကောင်းအောင်နေပါ ကလေးလေး

လွမ်းတယ် သျှင်မင်း...
ပြီးတော့ ချစ်တယ် မြတ်နိုးတယ်...
Screen ထက်ပြုံးပျော်နေသူလေးရဲ့ နဖူးဆီ အနမ်းနုနုပေးရင်း....

💕💕

Next morning at Mansion (စံအိမ်) ,

မနေ့ကအတွေးတွေများပြီး ကောင်းကောင်း အိပ်မပျော် ၊ မနက်ကျတော့လည်း အစောကြီးနိုးနေ ဒါကြောင့် စောစောရေချိုး အဝတ်စားလဲပြင်ဆင်ပြီး အပြင်သို့ထွက်ခဲ့သည်

အောက်ထပ်သို့မဆင်းခင် ငယ့်အခန်းထဲ အသာအယာ ဖွင့်ကြည့်တော့ ခုထိ အိပ်ပျော်နေတုန်း မနိုးရက်တာကြောင့်
တံခါးအသာအယာ ပြန်ပိတ်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်

"လူလေး အစောကြီးနိုးတာလား "

"ဟုတ်တယ် ဦးဇော်
ဒီနေ့ ငယ့်ကို မခေါ်သွားတော့ဘူး
အိပ်ပျော်နေတာ မနိုးရက်လို့
သူထချင်တဲ့အချိန်မှ ထပါစေ
နေ့လည်လောက်မှ ခတ်တ္တရာ လာခေါ်လိမ့်မယ် "

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now