💗 34 💗

16.1K 1.2K 154
                                    

ကျွန်တော့်အတွေးတွေထဲ ဘဝထဲ
ငယ်ပြီးရင် ဒုတိယမြောက်ဝင်လာသူက ခတ်တ္တရာ
ဘာလို့လဲဆိုတော့ ကျွန်တော်စိတ်ထဲမွမ်းကျပ်တဲ့
အချိန်တွေ ရင်ဖွင့်ချင်တဲ့အချိန်တွေတိုင်းမှာ ဘေးနားက အမြဲနားထောင်ပေးခဲ့တယ် အဲဒီအချိန်တုန်းက ငယ့်ကိုရင်ဖွင့်လို့မှမရခဲ့တာ
ကျန်တဲ့အချိန်တွေမှာ သူဘယ်လောက်ဆိုးဆိုး
အဲလိုကျွန်တော်ဝမ်းနည်းတဲ့အချိန်တွေမှာတော့
သူလေးလေးနက်နက်နားထောင်ပေးတယ် ပြီးတော့ ကျွန်တော့်ကိုလေးလေးနက်နက် စကားတွေလည်း ပြောတတ်တယ်

ဒီလိုနဲ့နေတာကြာလာတော့ သူ့အပေါ်သံယောဇဉ် တွယ်မိတယ် တစ်ခုခုဆို သူ့ကိုသတိရမိတယ်
တစ်ခုခုဆိုလည်း သူ့ကိုစိတ်ပူမိတယ် ခတ်တ္တရာက ကျွန်တော့်ဘဝရဲ့နောက်ထပ်ညီလေးတစ်ယောက်ငယ်ပြီးရင် ကျွန်တော်စိတ်အပူရဆုံးလူသား

ပြီးတော့ ကျွန်တော်လူကဲခတ်မညံ့ပါဘူး
ဒီကလေးကျွန်တော့်အပေါ်ရှိတဲ့ သူ့ရဲ့ခံစားချက်ကို ကျွန်တော်သိတာပေါ့ အဲဒါဆို ကျွန်တော်ကရော
သူ့အပေါ်ခံစားချက်ကဘယ်လိုလဲ ကိုယ့်ကိုကိုယ် ပြန်မေးမိတယ် ဒါပေမယ့်မသေချာမရေရာခဲ့ဘူး
ဒါဆို ငယ့်အပေါ် ခံစားချက်တွေမကုန်သေးလို့လား
အဲလိုလည်း မဟုတ်ပါဘူး ငယ့်အပေါ်ကျွန်တော် ဖြူဖြူစင်စင်လေးပဲ ချစ်တော့တာ ဒါဆိုဘာလဲ
ကိုယ်တိုင်အမြဲပြန်မေးမိတဲ့ မေးခွန်းတွေပါ

အဲလိုပြန်မေးတိုင်း ငယ့်အတွက်သေချာတဲ့အဖြေ ကထွက်လာတယ် ၊ အဲတာဘာလဲဆိုတော့ ငယ်ကကျွန်တော့်ဘဝအတွက်အရေးအကြီးဆုံးပါ
ကျွန်တော့်ဘဝရဲ့ အမြတ်နိုးရဆုံးသော ညီလေး
ဖြူစင်ရိုးသားတဲ့အချစ်တွေနဲ့ အရောင်တွေမပါပဲ သန့်သန့်ရှင်းရှင်း ချစ်ရတဲ့သူလေး

ခတ်တ္တရာအတွက်အဖြေလည်းရှိခဲ့ပါတယ်
ငယ်ပြီးရင် ကျွန်တော်ချစ်တဲ့ဒုတိယမြောက်လူ သူ့ကိုတော့ အရောင်ပါလားမပါလား
ကျွန်တော်ခုထိမသိသေးဘူး မရေရာဘူး
တစ်ခါတစ်လေ သတိရတယ် တွေ့ချင်တယ်
သူနဲ့ရန်ဖြစ်နေရတာကို သဘောကျတယ်
သူစိတ်တိုသွားတိုင်း ကျွန်တော်အသည်းယားတယ်

အခုလည်း ဖျားနေတယ်တဲ့ စကားတောင်ကောင်းကောင်း မပြောနိုင်ဘူးတဲ့
ကြားကြားချင်း စိတ်ပူသွားတယ် ဒါကြောင့်
ချက်ချင်းဆိုသလို သူ့ဆီကိုအရောက်လာခဲ့တာ
အိပ်ယာထဲ အိမ်နေတဲ့ပုံလေးတွေ့တော့ ရင်ထဲမကောင်း ဒီလောက်ကိုယ်တွေပူနေတာ
ဆေးခန်းကမသွားချင် ဖျားနေတာတောင် ခေါင်းကမာသေး သူဖြစ်စေချင်လိုပဲ ရေပတ်တိုက်ပေးတော့ ကျွန်တော့်ကိုပဲ စိုက်ကြည့်နေတယ်

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now