💗 43 💗

18.1K 885 59
                                    

တစ်မနက်ခင်းတွင် အလုပ်ရှုပ်နေသူက ကြီးနု
နှစ်အိမ်စာဆန်ပြုတ်တွေပြုတ်ရ အကိုက်အခဲပျောက်ဆေးတွေဝယ်ရ
ရေနွေးစက်ဖွင့်ပေးရနဲ့ တစ်ယောက်တည်း ရှုပ်နေသူ မနေ့ညကတည်းက ဒီမနက်မှာ ဒါတွေလုပ်ဖို့အတွက်မင်းဓနတာဝန်ပေးထားတာ

"မောင်ကြီးဇော် ခတ်လေးတို့နိုးရင် အကုန်အဆင်သင့်ပဲလို့ပြောလိုက်နော်
နုတော့ သျှင်မင်းငယ်လေးဆီ ဆန်ပြုတ်လေးနဲ့
ဆေးလေးတွေ သွားပို့ပေးလိုက်ဦးမယ် "

"မောင်ကြီးလိုက်ပို့ပေးမယ်လေ ဒါမှမဟုတ် မောင်ကြီးပဲ သွားပို့လိုက်ရမလား "

"နုပဲသွားလိုက်ပါ့မယ် ဟိုရောက်ရင် ရေနွေးစပ်ပေးရဦးမယ် ပြီးတော့ သားငယ်လေးတို့မနိုးသေးရင်လည်း ဆန်ပြုတ်လေးပြန်နွေးပေးရဦးမယ် "

"ဟုတ်ပါပြီ ဖြေးဖြေးသွားဦး "

"အင်း "

အိမ်ကနီးနီးလေးဆိုတော့ ဆန်ပြုတ်ချိုင့်လေးနဲ့ ဆေးထုပ်တွေဆွဲကာ နုတော့ နောက်တစ်အိမ်ကူးလေပြီ

💕💕

မနေ့ညကတည်းက ကြွေရုပ်လေး ရင်ခွင်ထဲထည့်ပြီး အိပ်ပျော်သွားတာ
အခုမနက် ခြံရှေ့က bell တီးသံကြားမှ
နိုးလာသည် ရင်ခွင်ထဲကကလေးလေးကတော့
ခုထိနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုန်း
ထိုကြောင့် ကြွေရုပ်လေးမနိုးစေအောင် အသာအယာလေးထကာ အိမ်ရှေ့ကို ထွက်လာခဲ့သည်

"အန်တီနု ပါလား "

"ဟုတ်တယ် သားရေ "

တံခါးဖွင့်ပေးကာ အိမ်ထဲသို့ခေါ်လာသည်

"သားငယ်လေး နိုးနေပြီလား "

"မနိုးသေးဘူး အိပ်နေတုန်းဗျ အန်တီနု "

"ဟုတ်ပြီ ဟုတ်ပြီ ဒေါ်ကြီးက သားငယ်လေးအတွက် ဆန်ပြုတ်လာပို့တာ
ဆေးတွေရောပဲ "

အန်တီနုပြောကာမှ ကျွန်တော့်မျက်နှာပူလာသည်

"သားငယ်လေး မနိုးသေးဘူးဆိုတော့
ဆန်ပြုတ်လေး နွေးနေအောင် နွေးလိုက်မယ်
ပြီးတော့ ဒေါ်ကြီးရေနွေးစပ်ပေးခဲ့မယ်
သားက လုပ်စရာရှိသာသာလုပ်နေ ဒေါ်ကြီးကိုအားနာမနေနဲ့ "

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now