💗 2 💗

34.3K 2.3K 43
                                    

Daddy ရောဂါအခြေအနေကြောင့်
Daddy ကိုအနားပေးပြီး
ကျွန်တော် CEO ရာထူးကို လွှဲပြောင်းယူထားတာ
၁နှစ်ကျော်လာပြီ ၊ ကျွန်တော့်လက်အောက် အတွင်းမှာတော့ ကျွန်တော့် လုပ်ငန်းက ပြိုင်သူမဲ့ပါ

"မင်းမင်း နောက်တစ်ချိန်က ဘာလဲ "

"Mr. Smith နဲ့တွေ့ရမှာပါ CEO "

"အချိန်နီးပြီလား "

"ဟုတ် ခဏနေရင် တွေ့ရတော့မှာပါ "

"Ok
စာရွက်စာတမ်းတွေ သေချာပြင်ဆင်ထား "

"ဟုတ် "

"ဒီတစ်ခါ ရင်နှီးမြှုပ်နှံတာက အရေးကြီးလို့
အမှားတစ်ခုတောင် ဖြစ်လို့မရဘူး "

"စိတ်ချပါ CEO "

"Ok ငါ meeting room ထဲကစောင့်နေမယ်
သူလာရင် ငါ့ဆီ သေချာခေါ်ခဲ့ပေး "

"ဟုတ် "

ဒါဆိုဒါပဲ ၂ခါမပြောတတ်သောCEO
Construction တစ်ခုလုံးလည်း ကြောက်လိုက်တာမှ ဖိန့်ဖိန့်တုန်လို့
သူလာရင် share members တွေကစ
အသက်ဖြောင့်ဖြောင့်မရှူရဲဘူး
စည်းစနစ်ကျသလားလည်း မမေးနဲ့
ရင်းနှီးမြုပ်နှံချင်တဲ့ company တွေလည်း များကြီး ၊ လုပ်ငန်းကလည်း every month every year increase ဆိုတာပဲရှိတယ် တကယ် တော်ပါပေတယ် ပြိုင်စံရှားပါ
ပြီးတော့ ကျွန်တော်တစ်ခါမှ CEO ပြုံးတာမမြင်ဖူးဘူး ၊ အမြဲတမ်း ခက်ထန်နေတာပဲ

💕💕💕💕💕

At Mansion (စံအိမ် )

"လူလေး ပြန်လာပြီလား
စောသားပဲ ဒီနေ့ "

"ဟုတ်တယ် ဦးဇော်
Daddy ကို ဆေးရုံပြရမယ့်နေမလို့ "

"ဟုတ်သားပဲ ဦးဇော်တောင် မေ့နေတာ
သူဌေးကို ဆေးရုံသွားဖို့
ဘာမှမလုပ်ပေးရသေးဘူး"

"ရပြီ ဦးဇော်
ကျွန်တော် ပဲလုပ်ပေးလိုက်တော့မယ်
Daddy အခန်းထဲမှာပဲမလား "

"ဟုတ်တယ် လူလေး "

Daddy အခန်းနားရောက်တော့
တံခါးခေါက်လိုက်သည်။

ဒေါက် ဒေါက်

"Daddy သားဝင်လာပြီနော် "

"လာပြီလား သား
ဒီနေ့ စောသားပဲ "

"ဟုတ် ဒီနေ့ ဆေးရုံပြရမယ့်နေလေ daddy "

"ဟုတ်လား
Daddy တောင်မေ့နေတာ "

ကိုယ့်ရဲ့ ကြွေရုပ်Onde histórias criam vida. Descubra agora