💗 40 💗

16.4K 1K 131
                                    

ဘွားနဲ့အတူ အပြင်ထွက်စားပြီးပြန်လာတော့
ကျွန်တော်တို့ခြံဝန်းထဲကားတစ်စီးရပ်ထားသည်
အမြဲတမ်းမြင်နေကျ စီးနေကျမလို့ အခုရပ်ထားတဲ့
ကားက ကိုကြီးကားဆိုတာမှားစရာမရှိတဲ့အပြင် ပန်းခြံထဲက ဒန်းပေါ်ထိုင်နေသောခတ်တ္တရာကြောင့်
ပိုသေချာစေသည် ဒါဆို ကိုကြီးကဘယ်လိုလုပ် ??
အိမ်ထဲကားရပ်တာနဲ့ ကားပေါ်ကအမြန်ဆင်းကာ

"ခတ်တ္တရာ ဘယ်လိုလုပ် ဒီကိုရောက်လာတာ
ကိုကြီး ကိုကြီးရောလားဟင် "

"အင်း အထဲမှာရှိတယ် ဝင်သွားလိုက် "

အိမ်ထဲကိုပြေးဝင်လာတော့ ဧည့်ခန်းထဲမှာ ကိုကြီးကိုမတွေ့လှည့်ကာပတ်ရှာကြည့်တော့မှ ကိုကြီးကမီးဖိုချောင်ထဲမှာ နောက်ကျောပေး ထားတာမလို့ ကျွန်တော့်ကိုမမြင် တစ်ပတ်လုံးမတွေ့ရတဲ့ ကျောပြင်လေး
သတိရခြင်းများစွာဖြင့် ကိုကြီးနောက်ကျောကို
အပြေးဖက်ထားမိသည်

"ကိုကြီး... !!! အရမ်းလွမ်းနေတာ
ကျွန်တော် အရမ်းလွမ်းနေတာ "

ကိုကြီလည်း နောက်ကျောပေးထားရာကနေ ရှေ့သို့လှည့်လာကာ ကျွန်တော့်ကို ပြန်ပြီးထွေးပွေ့ထားသည်

"ကိုကြီးလည်းငယ့်ကို သတိရနေတာ "

ညီအကိုနှစ်ယောက်တစ်ပတ်စာအလွမ်းပြေသည်အထိ ပွေ့ဖက်ထားပြီးကာမှ

"ကိုကြီး ဘယ်လိုလုပ်သိတာလဲ
ဒီအိမ်ကိုကျွန်တော်ပြောင်းလာတယ်ဆိုတာ
ကျွန်တော်က ကိုကြီးကို surprise လုပ်မလို့ "

"အင်း ကိုကြီးတော်တယ်မလား "

"တော်တယ် ကျွန်တော့်ကိုကြီးတော်တာ ကျွန်တော်သိပြီးသား "

ဟိုးအရင်တွေကလို ကျွန်တော့်ခေါင်းလေးကို ဖွပေးသည်

"ငယ် ပိန်သွားသလိုပဲ "

"ပိန်မှာပေါ့ ဒီအိမ်ရဖို့ ကြိုးစားတာတွေရော
ပြီးတော့ ကြီးနုရဲ့လက်ရာမစားရတာတွေရော
ဘွားကလည်း ကျွန်တော်စားချင်တာကို ..."

စကားဆက်မပြောခင် ဧည့်ခန်းထဲမှာထိုင်နေသော
ဘွားကိုကြည့်လိုက်သည်

"သျှင်မင်း ဘာပြောမလို့လဲ
သျှင်မင်းစားချင်တာ ကိုယ်အကုန်ဝယ်ကျွေးတယ်နော် "

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now