💗 5 💗

25.8K 1.8K 33
                                    

Next morning at Silver construction,

ရုတ်ရုတ်သဲသဲ နဲ့ share members တွေအကုန်လုံး အစည်းအဝေးအခန်းထဲ  တီးတိုးပြောနေကြတယ် ၊ CEO အသစ်ကို ခုထိသေသေချာချာ မတွေ့ရသေးဘူး ၊ မနေ့ကမှ ပြန်ရောက်တယ် မနေ့က တစ်ခါတည်း အရေးကြီးတဲ့ investment တစ်ခုကိုရသွားတယ်

ကျွီ...

ဝင်လာပါပြီ အားလုံးတွေ့ချင်နေတဲ့သူ
Meeting room ထဲ confident ရှိစွာလျှောက်လှမ်းလာပုံက smart ကျတာထက်အတိုင်းထက်အလွန်
ညို့ယူအားကောင်းလွန်းတဲ့ မျက်ဝန်းအစုံ
တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပါးပါးက သူရဲ့မာနကို ဖော်ပြနေတယ်

သူ့ရဲ့ အေးစက်ခက်ထန်မှုက
ခုနက တီးတိုးစကားသံတွေ ရုတ်ချည်းရပ်တန့်သွားစေသည်

"အားလုံး မင်္ဂလာပါ
ကျွန်တော့်နာမည် အဓိပတိဘွား ပါ
တွေ့ရတာ ဝမ်းသာပါတယ်
ခုက စပြီး ဒီ construction ရဲ့CEOအဖြစ်
စတင်လုပ်ဆောင်မှာ ဖြစ်ပါတယ်
မနေ့ကတည်းက သေချာမမိတ်ဆက်မိတဲ့အတွက်
အကုန်လုံးကို တောင်းပန်ပါတယ် "

"ဟုတ်ကဲ့ ကျွန်တော်တို့လည်း တွေ့ရတာဝမ်းသာပါတယ်
ရှေ့လျှောက် အတူတူလက်တွဲပြီး လုပ်ဆောင်ကြတာပေါ့ဗျာ
CEO သိတဲ့အတိုင်း ကျွန်တော်တို့ construction က ဒေဝါလီခံလုနီးနီးဖြစ်နေတာ
ကျွန်တော်တို့အားလုံးလည်း ဘာလုပ်ရမှန်းမသိဘူး အရင် CEO လည်းဘာမှမတတ်နိုင်တော့ဘူး
အခုလို share အများကြီးထည့်ပြီး ကျွန်တော်တို့ကို ကယ်တင်ပေးလို့ တကယ်ကျေးဇူးတင်ပါတယ် "
from one of share members

"ဟုတ်ပါတယ် CEO
ကျွန်တော်တို့ မျှော်လင့်ချက်လေးတွေ ပြန်ပေါ်လာပြီ ကျေးဇူးအများကြီးတင်ပါတယ် "
from one of share members

"Never mind
ကျေးဇူးတင်စရာ မလိုပါဘူး
ရှေ့လျှောက်သာ ကျွန်တော်နဲ့ လက်တွဲပြီး ဆက်လက်လုပ်ဆောင်ကြတာပေါ့
Share members အားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း ကျွန်တော်အားလုံး လေ့လာပြီးပါပြီ
ခုလောလောဆယ်တော့ ဒီရာထူးအတိုင်းပဲ လုပ်ဆောင်ပါ ၊ အလုပ်လုပ်တဲ့ quality ကိုဒီတစ်လ စောင့်ကြည့်ပါမယ် "

"ဟုတ်ကဲ့ပါ "
from share members "

"ဒီနေ့ meeting ကတော့
မေးစရာ မရှိတော့ရင် ဒီမှာပဲရပ်မယ် "

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now