💗 38 💗

16.3K 1.1K 91
                                    

One week later at Mansion (စံအိမ် ),

ဒီနေ့နဲ့ဆို ဒီစံအိမ်ကြီးထဲ ငယ်မရှိတော့တာ
တစ်ပတ်တိတိပြည့်ပြီ ငယ်ထွက်သွားတဲ့နေ့လေး
ပြန်တွေးမိတယ် ငိုလိုက်တာမှ တားလို့မရ
ဘေးနားက ခေါ်ရမယ့် အဓိပတိဘွားတောင်
ခပ်လန့်လန့် ကျွန်တော်သိတာပေါ့ ဒီ၁၀နှစ်ကျော် သံယောဇဉ်က တော်တော်ကြီးတယ်လေ ကျွန်တော်တောင် အချိန်အကြာကြီး စဉ်းစားခဲ့ရတာ အခု ငယ့်အတွက်က ရုတ်တရက်ကြီး ဖြစ်သွားတာဆိုတော့
ပြီးတော့ နောင်လဲ ခွဲရမှာဆိုတော့ အခုကတည်းကနေသားကျသွားတာပေါ့
အခုဆို ကျွန်တော်လည်းနေသားကျနေပြီ
ခတ်လေးကြောင့်လည်းပါတာပေါ့ breakfast
Lunch dinner အကုန်လုံးခတ်လေးက အတူတူလာစားပေးတယ် အခုပြောမှသတိရတယ်
ဒီနေ့ ခတ်လေးနောက်ကျနေသလို ဒါကြောင့်
ဖုန်းဆက်ကြည့်လိုက်သည်

တီ တီ တီ

"ခေါ်မနေနဲ့ "

"အာ ခတ်လေး လာပြီလား
နည်းနည်းနောက်ကျတယ် ဒီနေ့ "

ဖုန်းခေါ်ကာမှ အိမ်ထဲဝင်လာသောခတ်လေး

"အင်း mommy ခိုင်းတာ လုပ်နေလို့
Breakfast မစားရသေးဘူးလား "

"ဘယ်စားရဦးမလဲ ကိုယ်စောင့်နေတာ ခတ်ကို
တစ်ယောက်တည်းမစားတတ်တော့လို့ "

"တကယ်ဟုတ်မဟုတ်တော့မသိဘူး
အပြောတွေကတော့ ...."

"တကယ်ပြောတာ မယုံရင်ကိုယ့်ရင်ထဲ ဝင်ကြည့်"

"အပိုတွေ ကဲလာပါ နောက်ကျနေပြီ
စားရအောင် "

ဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ ပုံမှန်လုပ်နေကြအတိုင်း လမ်းလျှောက်ရမယ်
ပြီးတော့ daddy နဲ့ mommy ဆီသွားရမှာပေါ့
ခါတိုင်း ငယ်နဲ့သွားနေကျ ဒီနေ့တော့ခတ်နဲ့သွားမယ်

"ခတ် "

"အင်း ဘာကြီး "

"ခတ် အားတယ်မလား "

"အင်း အားတယ် ကျွန်တော့်မှာ ဘာအလုပ်အကိုင်ရှိလို့မေးနေတာလဲ
အရင်ကတောင်ရှိသေးတယ်
အခုက သျှင်မင်းဆက်မရှိတော့
ရှိတဲ့အလုပ်ပါပြုတ် "

"အခု အလုပ်လုပ်စရာလိုသေးလို့လား
သူဌေးကြီး ဦးမင်းဓနရဲ့ ဇနီးမယားဖြစ်တော့မှာကို
ဘာအလုပ်လုပ်ချင်သေးလို့လဲ "

ကိုယ့်ရဲ့ ကြွေရုပ်Unde poveștirile trăiesc. Descoperă acum