💗 14 💗

16.9K 1.3K 76
                                    

At Mansion (စံအိမ်) ,

ကားပေါ်ကနေ အိမ်ရောက်သည် အထိ
ကိုကြီး မရိပ်မိသေး ၊ အိမ်ထဲဝင်တော့လည်း
ဒူးက ကွေးလို့မရ ၊ ကွေးလိုက်ရင် အရမ်းနာပါသည် ၊ ဒါပေမယ့် ကိုကြီးမရိပ်မိအောင်
ပုံမှန်အတိုင်း လျောက်နေရတာ  အရမ်းနာကျင်ပါသည်

"သားငယ်လေး လက်ကြီး ဘာလို့နောက်ပစ်ထားတာလဲ "

အမလေး ကြီးနုရယ်
ကိုကြီးရှေ့မှာမှ မေးရလား

"ဘာမှဖြစ်ပါဘူး ကြီးနုရဲ့
ဒီအတိုင်းပဲ အာ့ သေပြီ.. "

ကြီးနုကိုဖြေရင်း အောက်က ထိုင်ခုံအစွန်းကို
မမြင် ခွက်ခနဲ့ ဒူးနဲ့တိုက်မိတော့ ၊ ဘယ်လိုမှ မခံစားနိုင် ခွေလဲကျတော့သည်

"ငယ် !"

ကျွန်တော်လဲကျတော့ ကိုကြီးအပြေးရောက်လာကာ

"ဘာဖြစ်တာလဲ ငယ် "

စကားကိုမပြောနိုင် ခြေထောက်တစ်ဖက်လုံး
ကျင်ထုံနေတာ

"ငယ် ပြစမ်း လက်တွေ "

လက်ကဒဏ်ရာတွေလည်း မြင်သွားပြီ

"ဘာဖြစ်ခဲ့တာလဲ ငယ်
လက်မှာ ပေါက်ပြဲနေတာပဲ
ပြစမ်း ခြေထောက်ရော "

"အ အ အ ကိုကြီး
ဖြေးဖြေး ဒူးအရမ်းနာတယ် "

"ငယ် ဒဏ်ရာတွေ အများကြီးပဲ
ဘာဖြစ်ခဲ့တာလဲလို့ ကိုကြီးမေးနေတယ် "

"ဆိုင်ကယ် လဲတာ "

လုခံရတယ် မပြောတော့ဘူး
အလကား ကိုကြီးစိတ်ပူနေမှာစိုးလို့

"ဆိုင်ကယ်လဲတယ် ဘယ်လိုဖြစ်တာလဲ ငယ်ရယ်"

"ဘီးပေါက်ပြီး လဲတာ"

"ကိုကြီးပြောသားပဲ ငယ်က ကိုကြီးစကားမှ နားမထောင်တာ "

"...."

"ပြဦး တခြားဘယ်နား ထိသေးလဲ "

စိတ်အရမ်းပူပြီး ပြာယာခတ်နေသော
ကိုကြီး ၊ ကျွန်တော် တောင်းပန်ပါတယ်
ကိုကြီးကို စိတ်ပူအောင်လုပ်မိပြီ

"လက်နဲ့ ဒူးပဲ ကိုကြီး "

"သေချာလား ငယ်
ကိုကြီးကို မညာနဲ့
ကိုကြီး စစ်မှာနော်"

ကိုယ့်ရဲ့ ကြွေရုပ်Kde žijí příběhy. Začni objevovat