Final ❤

37.1K 1.1K 149
                                    

သျှင်မင်းလေးကို လက်ထပ်ယူပြီး ကျွန်တော်တို့ရဲ့ နေထိုင်မှုဘဝလေးက ရိုးရှင်းသည်

ဘွား ❤ သျှင်မင်း

မနက်ခင်းနိုးထလာပြီဆိုရင် ရင်ခွင်ထဲက ကြွေရုပ်လေးနဖူးဆီ အနမ်းခပ်ဖွဖွလေးခြွေရင်း
ကျွန်တော့်ရဲ့မနက်ခင်းကိုစသည် ပြီးမှ ရေချိုး မျက်နှာသစ် အဝတ်အစားလဲ မနက်စာပါပြင်
အကုန်အဆင်သင့်ဖြစ်ပြီဆိုမှ အိပ်ပုတ်လေးကို နိုးသည်

"သျှင်မင်း ကြွေရုပ်လေးရေ ထတော့
ကျောင်းနောက်ကျတော့မယ်နော် ကလေးလေး"

"အင်း ထချင်ဘူး ဘွား "

စောင်ခြုံထဲကနေ လူးလူးလိမ့်လိမ့်နဲ့
စူစူပုတ်ပုတ်လေး ပြောလာသည်

"မထလို့မရဘူးလေ ကျောင်းသွားရမှာကို
ထနော် ခတ်တ္တရာနဲ့ပြိုင်ထားတယ်မလား
ကျောင်းကို ဘယ်သူအရင်ရောက်ရောက်ဆိုပြီး
ကြွေရုပ်လေး ရှုံးမယ်နော် အကြောင့်ထနော်
ကိုယ့်နှလုံးသားလေး "

"ရတယ် အရှူံးပေးတယ်ဆို ထချင်ဘူး "

တွေ့လား အိပ်ပုတ်လေးက အိပ်တာနဲ့ ဘာနဲ့မှမလဲနိုင်ဘူး

"ထပါ ကြွေရုပ်လေးက လိမ္မာပါတယ်နော်
မနက်စာလည်း ကြွေရုပ်လေးကြိုက်တာ
ကိုကို လုပ်ထားတယ် "

"ဘွားဆို သူများအိပ်ရေးမဝသေးတာကို
အတင်းနိုးတာ "

"ကိုကိုက ကျောင်းနောက်ကျမှာစိုးလို့ပါ "

ထိုအခါမှ ငုတ်တုတ်လေးထထိုင်ကာ
မျက်လုံးလေးကို ဟိုပွတ်ဒီပွတ်နဲ့
ပြီးရင် လက်ကလေးဆန့်ပေးလာသည်

"ကိုကိုပွေ့ လမ်းမလျှောက်ချင်ဘူး "

"Ok ဗျာ "

အခုနောက်ပိုင်းဆို ကြွေရုပ်လေးက ကျွန်တော့်အပေါ် အရင်ကထက်ပိုပြီး ချွဲတတ်လာပြီ ကလေးလေးကိုထိန်းနေရတာ

"ဟော ကြွေရုပ်လေးက တစ်နေ့ထက်တစ်နေ့ ပိုပိုလေးလာတာပဲ ဝက်ပုတ်လေးဖြစ်တော့မှာ"

"ဘာလဲ ဝက်ပုတ်လေးဆို ဘွားက မချစ်တော့ဘူးပေါ့ "

"ဝက်ပုတ်လေးလည်းချစ်တယ် အခုလိုလေးလဲချစ်တယ် ကိုယ်ကသိပ်ချစ်တော့
ကြွေရုပ်လေးက ဘယ်လိုဖြစ်နေနေ အရမ်းချစ်ဖို့ကောင်းနေတာ "

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now