💗 35 💗

16K 1.1K 110
                                    

At silver construction,

အစက Cafe ဆိုင်ထဲဝင်မလို့ပဲ ဒါပေမယ့် သူတို့နှစ်ယောက် ကောင်းကောင်းတွေ့ပါစေဆိုပြီး
ကျွန်တော်မဝင်တော့ပဲ ဦးအဓိပတိဘွားရဲ့ construction ကိုသာ လာခဲ့လိုက်သည်
သူမရှိတုန်း ဟိုဟိုဒီဒီ စုံစမ်းရင်းပိုကောင်းတယ်
ပြီးတော့ ကျွန်တော့်CEO နဲ့တွေ့ပေးဖို့ စီစဉ်ရဦးမယ်လေ ကျွန်တော့်CEOနော် ❤

"ဟယ် မောင်လေး မတွေ့တာကြာပြီ
CEO ကိုလာတွေ့တာလား "

Construction ထဲဝင်လိုက်တာနဲ့ ကျွန်တော့်ကို နှုတ်ဆက်မယ့်သူရှိတယ် တွေ့လား ကျွန်တော် ဘယ်လောက်လူချစ်လူခင်ပေါလဲ

"ဟုတ်တယ် မ
မတွေ့တာကြာပြီနော် "

"CEO အပြင်ခဏထွက်သွားတယ် "

"ဟုတ်လား ကျွန်တော်အပေါ်ထပ်မှာသွားစောင့်
နေမယ်နော် "

"အင်း အမလည်းအပေါ်သွားမလို့
အတူတူသွားမယ်လေ  "

"ဟုတ် "

အတော်ပဲ သိချင်တာလေးတွေ မေးလို့ရတာပေါ့
အပေါ်ထပ်ရောက်တော့ ဟို Foreignerမလေးကို တွေ့သည် သူမဘေးမှာလည်း Foreigner အဘိုးကြီးတစ်ဦး

"မ သူတို့က ဘယ်သူလဲ "

"Rumor ရှိတယ် အဲ Foreigner မလေးက
CEO ရဲ့ သတို့သမီးလောင်းဆိုပဲ CEO ကတော့
ဒီတိုင်းပါပဲ ကြည့်ရတာ Foreignerမလေး ဘက်က သဘောကျပုံရတယ် "

"Aww... "

"အခုသူ့ဘေးက သူမအဖေလေ "

"သူ့သမီးဆီလိုက်လာတာလား "

"မသိပါဘူး ဒီနေ့မှတွေ့တာ ပြီးတော့ ဒီညပွဲအမှီလာတာတဲ့ "

"ပွဲ.. ?? "

"အင်း ဟုတ်တယ် အမတို့လည်းနားမလည်ပါဘူး
မနက်က စစ်သွေးပြောပြတာ "

"Aww ဘာပွဲလဲ မ သိလား "

"ခါတိုင်း သူတို့ business man တွေနဲ့ပဲ ဆိုင်တဲ့ပွဲပါ အမ လည်းသေချာမသိဘူး "

"ဟုတ် မ "

"ကဲ ဒါဆိုအမ ဟိုဘက်သွားဦးမယ် "

"ဟုတ် မ ကျေးဇူးပါဗျ "

နည်းနည်းပါးပါး ဟိုမေးဒီမေးဆိုရင် အကြောင်းစုံတော့ သိရမှာ

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now