💗 1 💗

91.8K 3.3K 149
                                    

ILBC International School,

ညနေ ၄ နာရီအချိန်ခန့် ကလေးတွေ ကျောင်းဆင်းချိန် ဖြူဖြူစင်စင်ကလေးလေးတွေ
လွယ်အိတ်လေးကိုယ်စီလွယ်လျက် ကျောင်းပေါက်ဝဆီ အသီးသီးထွက်လာကြပြီ ။
ငယ်ရွယ်သူလေးတွေမို့ မိမိတို့မိဘတွေဆီ ဘယ်သူအရင်ရောက်ရောက် အပြေးလာကြပြီ ။

ထိုထဲမှ ကောင်လေးတစ်ယောက် အပြင်သို့ရောက်စဉ် ဟိုကြည့်ဒီကြည့်တစ်စုံ တစ်ယောက်ကိုရှာနေသည့်ပုံစံ

"သခင်လေး ဒီမှာခင်ဗျ သခင်လေး "

ခေါ်သံကြောင့် ထိုကလေးလေး လှည့်ကြည့်သည်။
ထိုခေါ်သူ၏အနောက်ကို ကျော်ကြည့်ကာ တစ်ယောက်ယောက်ကိုရှာရင်း ကားနားကို ဖြေးဖြေးချင်လာသည် ။

"ဘဘ သားသားမေမေရော"

"ရှိပါတယ် သခင်လေး
ဒီနေ့ သခင်မကြီးက အလုပ်ရှိလို့
ဘဘ လာကြိုတာ "

"ဟုတ် "

"လာ သခင်လေး ကားပေါ်တက်
ဘာများစားချင်သေးလဲ "

"မစားတော့ဘူး ဘဘ
အိမ်ပဲပြန်မယ် "

စံအိမ်ရောက်သော် ကားပေါ်မှအပြေးဆင်းကာ

"မေမေ မေမေရေ သားသားပြန်လာပြီ "

ဧည့်ခန်းထဲမှာ ဖေဖေတစ်ယောက်တည်း ထိုင်နေသည် ။ မေမေ့ကိုမတွေ့တာကြောင့် အပေါ်ထပ်တက်ကာ ရှာမိပြန်သည် ။
မတွေ့ပြန်တော့ ဧည့်ခန်းဆီပြန်လာကာ

"ဖေဖေ မေမေရောဟင်
မေမေဘယ်သွားတာလဲဟင် "

"ရှိပါတယ် သားလေးရဲ့ မေမေဒီမှာလေ "

အနောက်မှမေမေ့စကားသံကြောင့် မေမေဆီကိုပြေးကာ

"မေမေ ဒီနေ့ဘာလို့ သားသားကိုလာမကြိုတာလဲ"

"ကလေးကိုမင်းထိစရာမလိုဘူး သစ္စာ
ထွက်သွားမှာဖြင့်ထွက်သွား အခုထိဒီမှာရှိနေတာကိုမလိုတော့တာ"

"သားလေးကို နှုတ်ဆက်မလို့ပါ
ဒါပြီးရင် သွားမှာ "

"မလိုဘူး !! အဓိပတိဘွား ဒီနားလာခဲ့စမ်း "

ဖေဖေခေါ်နေပေမယ့်လည်းမသွားပဲ မေမေ့ကိုသာ
အတင်းဖက်ထားမိသည် ။

"ခေါ်နေတာ မကြားဘူးလား
လာကြစမ်း ကလေးကိုခေါ်ပြီး အခန်းထဲခေါ်သွားကြစမ်း "

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now