💗 24 💗

14.7K 1.1K 52
                                    

အား ဘယ်လိုလုပ်ရမလဲ တားလိုက်ရမလား
ဘေးနားက Foreigner ကပါသေးတယ်
တွေ့သွားရင် ပြဿနာတက်မယ်ထင်တယ်
မသိဘူးကွာ တားကြည့်လိုက်မယ်

"ဟို CEO morning "

"မင်းပါလား မနက်စာလာစားတာလား "

"ဟုတ် ဟို CEO ဒီဆိုင်မှာ စားမလို့လား "

"အင်း "

"မစားနဲ့ ဟို လူတွေပြည့်နေတာ
ဒါကြောင့် ကျွန်တော်တောင် ပါဆယ် မှာပြီး အပြင်ကနေစောင့်နေတာ "

"ရတယ် booking လုပ်ထားတယ် "

"Booking ?? "

"ဟုတ်တယ် "

ဟုတ်တယ် ပြောပြီးအထဲကို ဝင်သွားမည်လုပ်မည့်အချိန်
ကျွန်တော်အရှေ့ကနေ ပြန်ကာမိသည်

"ဟို ခဏ ခဏ CEO "

"ဘာလဲ ခတ်တ္တရာ ဘာပြောမလို့လဲ
ဘေးမှာ ဧည့်သည်ပါတယ်နော်
အားနာစရာဖြစ်အောင်မလုပ်နဲ့ "

"ကျွန်တော်ပြောချင်တာက ဟို ဟို
CEO ဒီဆိုင်မှာ မစားလို့မရဘူးလား "

"ဘာတွေပြောနေတာလဲ booking လုပ်ထားတယ် ၊ ကိုယ့်မှာအချိန်မရှိဘူး မင်းနဲ့ပြောဖို့ သွားပြီ "

"ခဏ CEO ခဏဆို
ကျွတ် ! ပြောမရလည်း သွားကွာ "

ဘာတွေဆက်ဖြစ်မလဲ မသိဘူး
တတ်နိုင်သလောက်တော့ တားတာပဲ

💕

"သျှင်မင်း ဒါပဲမှာထားတာလား
ဒီဆိုင် မကြိုက်လို့လား ၊ တခြားဆိုင်သွားမလား"

"မဟုတ်ပါဘူး ကျွန်တော် ဗိုက်သိပ်မဆာလို့ ဘွား "

"အင်းပါ ကိုယ်က သျှင်မင်းကို ကျွေးချင်လို့ "

"နောက်ခါ စားဖြစ်ရင် အများကြီးစားမယ် "

"ဟုတ်ပါပြီ ဒါနဲ့ သျှင်မင်း ကိုယ့်ကိုပြောစရာရှိတယ်ဆို
အခု ပြောချင်လား "

"မပြောသေးဘူး ဘွား
ဘွား သွားချင်တဲ့နေရာ သွားပြီးမှပြောမယ် "

"အင်းပါ ကိုယ်လည်းပြောစရာ ရှိတယ်
ဒါပေမယ့် သျှင်မင်းပြောချင်တာကို ကိုယ်အရမ်းသိချင်နေမိ "

"အင်းပါ သိရမှာပါ ဒါနဲ့
ဘွားက အခုပြောမလို့လား "

"မပြောသေးဘူး ကိုယ်လည်း ခဏနေမှပြောမှာ "

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now