💗 27 💗

14.9K 1.2K 81
                                    

At Yangon International airport,

"Boss သွားချိန်ကျပါပြီ "

"Ok silver construction ကိုမင်းလက်ထဲမှာ
စိတ်ချခဲ့မယ် စစ်သွေး"

"ဟုတ်ကဲ့ စိတ်ချပါ boss "

"Ok ငါသွားပြီ "

မြန်မာနိုင်ငံကိုကျောခိုင်းထွက်ခွာသွားသူ
မျက်ဝန်းထက် ဝမ်းနည်းမှုအပြည့်...

လေယာဉ်ပေါ်ရောက်တော့ မှေးကာနေလိုက်သည်
အတွေးထဲ ကြွေရုပ်လေးသာစိုးမိုးနေတုန်းမို့...

အဲဒီနေ့က ကျွန်တော်သူ့ကို ကျောခိုင်းခဲ့တုန်းက
သစ်ပင်အောက်ဝယ် ထိုင်ငိုနေသောပုံရိပ်လေး
ဘယ်လိုမှမေ့ဖျောက်လို့မရခဲ့

ဒါလား သျှင်မင်းရယ် ကိုယ့်ကိုမချစ်ဘူးဆိုတာ
ဒီကလေးလေး လိမ်ပြောနေမှန်းသိတာပေါ့
ဘယ်လောက်နာကျည်းစေတဲ့ စကားတွေပဲ ပြောနေပါစေ ကိုယ့်မှာမုန်းလို့မရ မေ့လို့မရ

အပြီးအပို်င်ထွက်သွားခြင်းမဟုတ်
ကြွေရုပ်လေးနားက တခဏထွက်သွားခြင်းပါ
သျှင်မင်းနား ကိုယ်ရှိနေလို့  သျှင်မင်း နေရခက်နေတာမလား ဒါကြောင့် ကိုယ်ထွက်သွားပေးတာပါ ဒါပေမယ့် စောင့်နေပါ ကိုယ် သျှင်မင်းနားကို အရောက်လာခဲ့ဦးမှာ
အဲဒီအချိန်ကျရင်တော့ နောက်ထပ်ကိုယ့်ကို ထွက်မသွားခိုင်းပါနဲ့နော်.....

ကိုယ်ပြန်လာတဲ့အထိ နေကောင်းအောင်နေပါ
ကိုယ့်ကြွေရုပ်လေး ကိုယ်ရဲ့တန်ဖိုးထား အမြတ်နိုးရဆုံးသူလေး ချစ်တယ်
ကိုယ်သိပ်ချစ်တယ် .....

ကိုယ့်နှလုံးသားကို သျှင်မင်းနဲ့အတူ ထားခဲ့တယ်နော်......

💕💕

One week later in golden construction,

At CEO office,

ခုဆိုရင် မနက်တိုင်း ငယ်ဖျော်ပေးတဲ့ Latte ခါးခါးလေး မသောက်ရင် မနေတတ်တော့

ဒေါက် ဒေါက်

"ကိုကြီး ကျွန်တော်ဝင်လာပြီနော် "

"ကိုကြီးလာဖွင့်ပေးမှာပေါ့ ငယ် "

ကော်ဖီခွက်တစ်ဖက်နဲ့ တံခါးဖွင့်ဝင်လာသော
ငယ့်ကို လှမ်းပြောလိုက်သည်

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now