💗 17 💗

15.3K 1.2K 73
                                    

ကျေးဇူးရှင်လေးက အာပူလျှာပူ ဝယ်တိုက်မယ်
ဆိုတော့လည်း သောက်ရတာပေါ့

"အန်တီရေ အာပူ ၂ ပွဲလောက်ပါ
စပ်စပ်လေးသာလုပ်ပေးပါဗျ "

"ဟုတ်ပြီ သားလေး "

အန်တီကြီးကို မှာပြီးတော့
လွတ်နေတဲ့ နေရာလေးမှာ ဝင်ထိုင်လိုက်သည်

"ဘွား အာပူရော သောက်ဖူးလား
ဘွားလို သူဌေးတွေက မသောက်ဘူး ထင်တယ် "

"သောက်ဖူးတာပေါ့ ကိုယ်ငယ်ငယ်က အရမ်းကြိုက်တာ ဒါပေမယ့် မသောက်တာ နှစ်၂၀
ကျော်ပြီ "

"အင်းပေါ့ လုပ်ငန်းရှင်ကြီးက ဒီလိုသောက်ချိန် ဘယ်ရှိပါ့မလဲလို့ "

ခဏကြာတော့ အန်တီကြီး လာချပေးသည်

"ဘွား သောက်နော် အားမနာနဲ့
ကျွန်တော်ဝယ်ကျွေးတာ ၊ မဝရင် ထပ်မှာပေးမယ် "

"အင်း "

အမလေး ဆရာသမားလေးရယ်
စပ်ပြဲနေတာပဲ

"သျှင်မင်း အရမ်းစပ်တာကြီး
ဗိုက်တွေနာနေတော့မယ် "

"ဒီလိုမှ ကောင်းတာ ဘွားရဲ့
ဒါမှ အာလည်းပူ လျှာလည်းပူ ပြီးတော့
ဖင်လည်းပူတယ် ဟဲဟဲ "

ဘယ်လိုကလေးလေးလဲဟ
ရယ်နေပုံက ဆွဲဖြဲချင်စရာ

"ဒါနဲ့ ဘွား
ကျွန်တော် မေးစရာရှိတယ် "

"အင်း ဘာကြီးလဲ "

"ဘွား ခင်ဗျားက gay ဆို "

"ဖူး ......
အဟွတ် အဟွတ် အဟွတ်.....

အစမရှိ အဆုံးအရှိ မေးထည့်လိုက်တဲ့ ကြွေရုပ်
စပ်ပြီးပူထူနေသော အာပူသောက်နေတဲ့အချိန်
သီးသွားတဲ့ ကျွန်တော့်အဖြစ်ကို ခံစားသာကြည့်ကြပါတော့

"ဘွား sorry sorry
ဘွား ရလား ၊ အန်တီရေ လုပ်ပါဦး
ကျွန်တော့်ကို ရေလေးပေးပါဦး "

ကျွန်တော်သီးသွားတော့ ကျွန်တော့်နား ရောက်လာကာ စိုးရိမ်တကြီးမေးနေသည်
ကျွန်တော်ကတော့ စကားပင် ပြန်မပြောနိုင်
လည်ချောင်းကို စပ်ပြီးပူနေတာက သေတော့မည့်အတိုင်း

"အဟွတ် အဟွတ်
အဟွတ် "

ချွေးတွေထွက် မျက်လုံးပင် မျက်ရည် ကျတော့မည့် ဘွားကို မကြည့်ရက်  အန်တီရေဘူးလာပေးသည်အထိ မစောင့်နိုင်တော့  မြင်နေရတဲ့ ရေအိုးစဉ်က ရေကိုခပ်မြန်မြန်ခပ်ကာ

ကိုယ့်ရဲ့ ကြွေရုပ်Место, где живут истории. Откройте их для себя