💗 36 💗

15.8K 1.1K 78
                                    

Party ကျင်းပရာ hotel ကိုရောက်တော့ စတောင်စနေပြီ လမ်းမှာမီးပွိုင့်မိတာရောကြောင့်
နောက်ပင်ကျနေသည် hotel ဝင်းအတွင်းလည်း ကားတွေအပြည့် hotel ဝန်ထမ်းပြရာ နေရာသို့
ကားထိုးပြီး hall ခန်းထဲသို့မဝင်မှီ ခြေလှမ်းများ ရပ်သွားသော သျှင်မင်းဆက်

"ဘာလို့ရပ်တာလဲ ဝင်မယ်လေ "

"ဖြေးဖြေးလျောက်ဟ ငါဖိနပ်ကို အားနာဦး
မှောက်လဲလို့ကြည့်ကောင်းနေမယ် "

"အေးပါ မေ့သွားလို့ ဒါနဲ့ သျှင်မင်းဆက်
မင်း ဝတ်ထားနဲ့ အင်္ကျီတွေ make - up တွေ အားနာဦး အသံကြီးက ယောက်ျားသံကြီး
နည်းနည်းပါးပါးမိန်းမသံလေးပေါက်အောင် ပြောဦး "

"အေးပါ အထဲရောက်ရင်ပြောမှာပေါ့ "

"အခုကတည်းက ပြော
နည်းနည်းပါးပါး ညောင်နာနာလေး "

"အေးပါ ဒါနဲ့ ခတ်တ္တရာ ဖြစ်မှာပါနော် "

"ငါလည်းဘေးမှာရှိတယ် အထဲရောက်ရင်
မင်းလူကိုပဲရှာ မင်းလူကိုပဲလိုက်ကြည့် ဒီပုံစံနဲ့ဆို
မင်းကိုမှတ်မိမှာမဟုတ်ဘူး ဟုတ်ပြီလား "

"အေး အေး "

"Ok ဒါဆို ready ဖြစ်ပြီလား
အထဲဝင်မယ်နော် ငါ့လက်ကိုချိတ်ထား
ရင်မော့ခေါင်းမော့ထား အသံကိုသတိထား ok "

"Ok "

နှစ်ယောက်သားသေချာ ready ဖြစ်မှ hall
ထဲသို့ဝင်လာခဲ့သည် ဝင်သာဝင်တာ သိတဲ့သူက တစ်ယောက်မှမတွေ့ သူ့ကိုလည်းမတွေ့

"ဘယ်လိုလဲ သျှင်မင်းဆက် တွေ့လား "

"မတွေ့ဘူး မင်းရော "

"မတွေ့ဘူး Foreigner မလေးရောမတွေ့ဘူး "

အထဲရောက်တော့ သျှင်မင်းဆက်လက်ကို သေချာဆုပ်ကိုင်ထားလိုက်သည် ဝင်ကတည်းက
ပုရိသမျက်လုံးတွေက သူ့နားကမခွာ တော်ကြာ ဦးအဓိပတိဘွားမလာခင် တစ်စစီဖြစ်တော့မယ်

"Hi မိန်းကလေး မိတ်ဆွေဖွဲ့လို့ရမလား
ဘယ် company ကလည်းဗျ တစ်ခါမှမတွေ့ဖူးဘူး "

ဒုတ်ခက် လက်ကိုဒီလောက်ထိဆုပ်ကိုင် ထားတာတောင် ဖွန်လာကြောင်တဲ့သူကရှိသေး

"ဟုတ်ကဲ့ ကျွန်တော်တို့က silver construction ကပါပဲ "

"Aww ဒီက မိန်းကလေးကရော "

ကိုယ့်ရဲ့ ကြွေရုပ်Onde histórias criam vida. Descubra agora