💗 9 💗

19.8K 1.5K 42
                                    

ဒီနေ့ အလုပ်သိပ်မရှုပ်တာနဲ့ စစ်သွေးကို လွှဲခဲ့ပြီး
Hotel ကိုစောစော ပြန်ခဲ့သည် ။ ဘယ်ကနေ ဘယ်လိုပြန်ခဲ့မှန်းမသိ အခုကားရပ်လိုက်တဲ့ နေရာက မနက်က Cafeဆိုင် ၊ ဘယ်လိုများ ရောက်လာတာပါလိမ့် ၊ မနက်က အကြောင်းတွေ
ပြန်တွေးကြည့်တော့ ပြုံးမိသည် ၊ နာမည်လေးက
သျှင်မင်းဆက် တဲ့လား ၊ ကိုယ်မင်းနဲ့ ထပ်တွေ့ချင်ပါသေးတယ် ကြွေရုပ်လေးရေ

တီ တီ တီ

"အင်း ဟဲလို "

"အဓိ နင်လေ အကျင့်တစ်စက်မှမကောင်းဘူး
ငါမနက်က အကြာကြီးစောင့်နေရတယ်
ပြန်သွားတယ်ဆိုလည်း ပြန်သွားတယ် ပြောပေါ့"

"အာ sorry ငါအလုပ်နည်းနည်းရှုပ်သွားတာ
နင့်ကိုပြောဖို့ မေ့သွားတယ် "

"ရိုးနေပါပြီ ၊ ခုလည်း ငါဖုန်းဆက်လို့ပေါ့
မဟုတ်ရင် "

"အေးပါ ငါ့အမှားပါ မနက်ဖြန်ထပ်စားကြတာပေါ့"

"တကယ်လား ဒါဆို ငါဆိုင်ထပ်ရွေးလိုက်ဦးမယ် "

"မရွေးနဲ့ မနက်ကဆိုင်ပဲ စားမယ် "

"ဘာလို့လဲ "

"ငါအကြွေးရစရာ ရှိလို့ "

"ပြီးတာပဲ ဒါပေမယ့် နင်အဲဆိုင်ကို ရောက်ပြီဆိုမှ
ဖုန်းဆက် အဲချိန်မှ ငါထွက်ခဲ့မှာ "

"မလိုဘူး နင့်ကို လာခေါ်ပေးမယ် "

"တကယ် "

"အင်း ဒါပဲ "

ကဲ ကြွေရုပ်လေးရေ မင်းနဲ့ ဒုတိယအကြိမ် တွေ့ဆုံမှုလေးကို ကိုယ်ရောက်ချင်ပြီ
အဲဒီ နှုတ်ခမ်းပါးပါးလေးက ဘယ်လိုစကားတွေပြောဦးမလဲ ကိုယ်ကြားချင်ပြီ
တွေ့ဆုံမှုလေး တခဏမှာ မင်းကိုယ့်ကို လွှမ်းမိုးထားတယ် ဘာမှန်းမသိတဲ့ ခံစားချက်တစ်ခုလည်း ဖြစ်ပေါ်ခဲ့တယ်
အပြုံး နဲ့ စိမ်းနေပြီဖြစ်တဲ့ ကိုယ်တောင်
မင်းအကြောင်းတွေးရုံလေးနဲ့ ပြုံးမိတယ်

💕💕💕💕💕

Next morning,

At Mansion (စံအိမ်),

ဒီနေ့ တနင်္ဂနွေနေ့ ၊ ကိုကြီးလည်းနားတယ် ၊ ကျွန်တော်လည်း ဆိုင်ပိတ်တယ်
ခါတိုင်းဆို ကိုကြီးနဲ့ကျွန်တော်လမ်းလျှောက်တယ် ပြေးတယ် ၊ ပြီးရင် ကိုကြီးရဲ့ daddy နဲ့ mommy ဆီသွားတယ်

ကိုယ့်ရဲ့ ကြွေရုပ်On viuen les histories. Descobreix ara