💗 19 💗

14.8K 1.2K 57
                                    

Next morning ,

At Mansion (စံအိမ်) ,

ဝါး....

အိပ်ယာနိုးတော့ လက်ဖြင့်ဖုန်းကို လိုက်စမ်းနေသည် ၊ ဘယ်နားထားမိပါလိမ့်

အာ လက်ထဲမှာပဲ မနေ့ကဖုန်းကို ကိုင်ထားရင်း
အိပ်ပျော်သွားတာပဲ

ဖုန်းလေး ဖွင့်ကြည့်လိုက်သည်
No call , no message
ဘွား ကျွန်တော်မျှော်မိတာနဲ့ မတန်ဘူး

ဖုန်းကို အားသွင်းကာ ကိုယ်လုပ်ရမယ့် အလုပ်သာ ဆက်လုပ်လိုက်သည်

အဝတ်အစားလဲ ပြင်ဆင်ပြီးတော့
အောက်သို့ဆင်းလာလိုက်သည်
ကိုကြီးကတော့ အစောကြီးသွားပြီ

"ဒီနေ့စောနေပါလား သားငယ်လေး
လာ breakfast လာစား "

"မစားတော့ဘူး ကြီးနု
ကျွန်တော် ဆိုင်သွားတော့မယ်"

"ဘာလို့လဲ နေမကောင်းလို့လား သားလေး "

"ကောင်းပါတယ် ကြီးနုရဲ့
ကျွန်တော် ဗိုက်မဆာလို့ပါ "

"ကြီးနု ထုတ်ပေးလိုက်မယ်လေ "

"ရပြီ ကြီးနု
ဒါနဲ့ ဦးလေးကြီးရော "

"ရှိပါ့ သားလေး
အိမ်ရှေ့မှာ "

"ဟုတ် သွားပြီနော် ကြီးနု"

"ဟုတ်ပါပြီ ဟိုရောက်ရင် တစ်ခုခုစားနော်
အဆာမခံနဲ့နော် "

"ဟုတ် ကြီးနု "

ကြီးနုကို နှုတ်ဆက်ပြီး ဆိုင်ကိုသာလာလိုက်သည်

At Cafe,

"ဦးလေးကြီး ညနေ ကျွန်တော်ဖုန်းခေါ်လိုက်မယ်နော် "

"ဟုတ်ပြီ ကလေးငယ် "

ဆိုင်ကိုရောက်တော့ သူ့ကားကြီးကို ရှာမိသေး
အရိပ်အယောင်တောင်မတွေ့

"ပေါက်စ စောလှချည်လား "

"ဟုတ် မမ "

"နေမကောင်းဘူးလား ပေါက်စ "

"ကောင်းပါတယ် မမရဲ့
ဒါနဲ့ သူ လာသေးလား "

"No မလာဘူး "

"ဟုတ် "

ဘွား ခင်ဗျားဘာလို့မလာတာလည်း
လည်ပင်းထက်က ဆွဲကြိုးလေးကို ကိုင်ရင်း

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now