💗 33 💗

15.4K 1.2K 143
                                    

At Cafe,

ကျွန်တော့်ကို့ ကားဆီထိပွေ့ခေါ်လာပြီး
Lover seat ပေါ်ချပေးကာ ခု Cafe ဆိုင်ရောက်သည်အထိ စကားတစ်ခွန်းမပြော
ကျွန်တော်လည်းမပြောပါဘူး သူတောင်
မပြောတာ ကျွန်တော်ကဘာလို့စပြောရမှာလဲ
ဒါကြောင့် Cafe ဆိုင်ရောက်တာနဲ့ သူလာဖွင့်မှာ
စောင့်မနေဘူး ကိုယ့်ဟာကိုယ်ဆင်းပြီး အထဲချက်ချင်းဝင်ခဲ့လိုက်တယ် အမယ် သူကလည်း ဆင်းတောင်မဆင်းဘူး ကျွန်တော် အောက်ရောက်တာနဲ့ မောင်းထွက်သွားတာ
ခင်ဗျားကို နားကိုမလည်ဘူး ဘာမှန်းကိုမသိတာ

"ဟယ် ပေါက်စ ဘယ်သူနဲ့ပြန်လာတာလဲ  ခတ်တ္တရာရော "

အယ် ဟုတ်သား ခတ်တ္တရာကိုမေ့နေတာ
Shopping mall မှာစောင့်နေပြီထင်တယ်

"မမပြောမှ ခတ်တ္တရာ သတိရတယ်
ဖုန်းဆက်လိုက်ဦးမယ် "

"ဆက်မနေနဲ့ နင့်အဖေ ငါလာပြီ "

ဖုန်းဆက်မလို့ရှိသေး အနောက်ကနေ ရောက်လာသော ခတ်တ္တရာ

"ဟုတ်တယ်လေ မင်းကိုလာခေါ်တာပဲ
ဒါပေမယ့် မင်းကို ဦးအဓိပတိဘွား ခေါ်သွားတာ
မြင်လိုက်လို့ မင်းတို့ကားနောက်က လိုက်လာတာ
တော်သေးတာ မြင်လိုက်လို့ပေါ့ မမြင်ရင် ဘယ်အချိန်အထိ စောင့်နေရမလဲမသိဘူး "

"Sorry မေ့သွားလို့ပါ "

"မေ့မှာပေါ့ ဘေးနားက လင်ကြီးငုတ်တုတ်ရှိနေမှတော့ "

"ဟေ့ကောင် ဘာတွေပြောနေတာလဲ "

အာဗြဲကြီးနဲ့အော်ချလိုက်တာ ဘေးနားက customer တွေရော မမတို့ပါ တအံတသြ
ကျွန်တော့်မျက်နှာပါ ပူထူလာသည်

"ဟုတ်တယ်လေ မနေ့ကကျ သူတို့မဟုတ်တဲ့အတိုင်းပဲ
ထသတ်တော့မလိုနဲ့ "

"အာဗြဲကြီးနဲ့ ဆက်မအော်နဲ့ ဘာတွေဖြစ်ခဲ့လဲ
အကြောင်းစုံမသိပဲနဲ့ လာခဲ့နောက်ကို "

ကျွန်တော့်ကိုနောက်ကိုဆွဲခေါ်သွားသည်
ဘယ်တုန်းကများ အရှက်ရှိသွားပါလိမ့်

"ငါ့ကို အကုန်ဝိုင်းကြည့်ကုန်ပြီ
အား ရှက်လိုက်တာ "

"လေရှည်မနေနဲ့ ဘာတွေဖြစ်ခဲ့တာလဲ
ပြောမှာသာပြော "

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now