💗 11 💗

17.7K 1.4K 38
                                    

At Mansion (စံအိမ်),

ကိုကြီး နဲ့ party လိုက်ရမည် ဆိုသောကြောင့်
ညနေ သင်တန်းပြန်ရောက်ကတည်းက
ရေမိုးချိုးပြီး ပြင်ဆင်နေသည်

အပြင်ဘက်က ကားသံကြားရတယ်
ကိုကြီး လာပြီထင်တယ်

ဒေါက် ဒေါက်

"လာပါပြီဗျ "

"မပြီးသေးဘူးလား ကလေးငယ် "

"ပြီးပြီ ဦးလေးကြီး
ဘယ်လိုလဲ ကျွန်တော် smart ကျရဲ့လား "

"အရမ်းချောလွန်းလို့ လူတောင်မှားသွားတယ် "

"ဟီးဟီး
သွားပြီနော် "

အခန်းထဲက ထွက်ကာ ဆင်းလာလိုက်သည်

"ကြီးနု ကြီးနု
ကျွန်တော့်ကို ကြည့်ပါဦး ချောရဲ့လားလို့ "

"ချောပါ့ ချောပါ့ အဲပွဲမှာ သားငယ်လေး
အချောဆုံးဖြစ်မှာ "

"ဒါမှပေါ့ "

"ကဲ ဆရာသမား မြန်မြန်လာပါ
နောက်ကျလိမ့်မယ် "

"ကိုမင်း ပဲလား
ကိုကြီးရော"

"မပါဘူး အစည်းအဝေး မပြီးသေးလို့
ငါ့ကိုခေါ်ခိုင်းလိုက်တာ "

"Aww ဟုတ်ပြီ ဟုတ်ပြီ
ကျွန်တော်ဘယ်လိုလဲ smart ကျရဲ့လား "

"Perfect ပဲ "

"ဟဲဟဲ သွားမယ် "

In car,

"ကိုမင်း "

"အင်း ဘာလဲ "

"ကျွန်တော် မေးစရာရှိတယ် "

"ဘာကြီးလဲ "

"မနက်က ကိုကြီးနဲ့ ပြောနေတာတွေ ကျွန်တော် ကြားတယ် ၊ ကိုကြီးက ဘာလို့ လူအသစ်ရှာခိုင်းနေတာလဲ "

"စိတ်မဝင်စားစမ်းပါနဲ့ မောင်စပ်စုရယ် "

"ပြောပါ ပြီးတော့ ကျွန်တော့်နာမည်လည်း ကိုကြီးပြောတာ ကြားတယ် "

"....."

"ပြောပြပါ ကိုမင်း
ကိုမင်း မပြောရင် ကျွန်တော် အချိန်နောက်ကျအောင်လုပ်မှာနော် ကိုမင်းအဆူခံရအောင် လုပ်မှာ "

"မင်းနာမည် မပါပါဘူး "

"ကျွန်တော် သေချာကြားတာပါ ၊ ထားပါ
လူအသစ်ရှာခိုင်းတာကရော ဘာလို့ "

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now