💗 15 💗

16.5K 1.2K 76
                                    

Next morning,

At Mansion (စံအိမ်),

အာ ကျွတ် ကျွတ် ကျွတ် ဒူးကိုလုပ်လို့ကိုမရဘူး
မျက်လုံးဖွင့်ပေမယ့် ဖွင့်လို့ကမရ ဘေးနားက
နာရီကိုစမ်းကာ ယူလိုက်သည်

ဟင် သေစမ်း ၉နာရီ ရှိပြီ
နိုးစက်က ၇ နာရီချိန်ထားတာ
ငါမကြားဘူးလား သွားပါပြီ ကိုကြီးမစောင့်လောက်ဘူး

စောင့်များစောင့်လေမလားလို့ အပြင်ထွက်ကာ
ကိုကြီးအခန်းနားသွားကြည့်သည်

"ကလေးငယ် နိုးပြီလား "

"ဟုတ် ကိုကြီးသွားပြီလား ဟင် "

"သွားပြီလေ စောကြီးကတည်းက
ကလေးငယ်လေး မနိုးတာနဲ့ "

"...."

"မင်းဓန မှာသွားတယ်
ကလေးငယ် ဆိုင်သွားချင်ရင် ဦးလေးကြီးကို လိုက်ပို့်ခိုင်းဖို့ "

"ဟုတ်လား ကိုကြီးမှာသွားတယ်ပေါ့ "

"အင်း မှာသွားတယ် ကလေးငယ် ဆိုင်သွားမှာလား "

"သွားမှာ ဦးလေးကြီး
ဒါဆို ကျွန်တော် ရေချိုးလိုက်ဦးမယ် "

"ရေမချိုးရဘူးတဲ့ လက်ကအနာရော ဒူးရော ရေထိလို့မရဘူးတဲ့ ၊ ရေလည်းမထိစေနဲ့တဲ့ မှာသွားတယ် "

"ဒါဆို ကျွန်တော်ဘယ်လိုမျက်နှာသစ်ရမှာလဲလို့"

"ကြီးနုကို လွှတ်လိုက်မယ် သူသစ်ပေးလိမ့်မယ် "

"....."

"သူပြောခဲ့သလိုပဲ လုပ်ပါကွယ်
ခဏနေကျ အကုန်ဆူခံနေရဦးမယ် "

"ဟုတ်ကဲ့ပါ ကျွန်တော်အခန်းထဲမှာ စောင့်နေပါ့မယ်ဗျ "

ကိုကြီးတို့ကတော့ ကြီးနုကိုခိုင်းခဲ့သေးတယ်
ဒီအရွယ်ကြီးရောက်မှ ကြီးနုက မျက်နှာသစ်ပေးရမယ် အား ရှက်လိုက်တာ

💕

သေချာသပ်သပ်ရပ်ရပ် ဝတ်ဆင်ပြီးမှ
အောက်ထပ်ကို ဆင်းလာလိုက်သည်

"လာ သားငယ်လေး breakfast စားရအောင်"

"ဟုတ် ကြီးနု "

"အနာတွေရော သက်သာပြီလား "

"သက်သာတယ် ကြီးနု
အရမ်းမနာတော့ဘူး "

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now