💗 20 💗

16K 1.2K 83
                                    

At Wilson hotel,

ဆန်ပြုတ်ကပူတုန်းလေးရှိသေးတယ်
ပန်ကန်လုံးလေးထဲ သေချာထည့်လိုက်သည်

"ဘွား ဆန်ပြုတ်ရပြီ
ပူတုန်းလေး သောက်ပါ "

ဘယ်ချိန်သွားလုပ်လိုက်ပါလိမ့်
ကျွန်တော့်ရှေ့လာချပေးတော့

"သျှင်မင်း ဘာကြီးလဲ "

"ဆန်ပြုတ်လေ အားရှိအောင် ကြက်ဥပါထည့်ပေးထားတယ် "

"ဆန်ပြုတ် !!!"

ဆန်ကိုရေဆေးပြီး လာချပေးသလားအောက်မေ့ရ
အဖတ်ကမပါ ရေတွေကအများကြီး
ကြက်ဥရဲ့ အနှစ်နဲ့အကာက တောင်နဲ့မြောက်

"ဘယ် ဘယ်က ဝယ်ခဲ့တာလည်း သျှင်မင်း "

"ဘယ်ကမှ မရလို့ ကျွန်တော်ကိုယ်တိုင်လုပ်လာတာ "

"သျှင်မင်းကိုယ်တိုင်လုပ်ထားတာ "

ကော်ဖီတွေလိုများ ထည့်ဖျော်ခဲ့လားမှတ်ရတယ်
ကြွေရုပ်ရယ် ကိုယ်ဘယ်လိုတောင် စားရပါ့

"ဟုတ်တယ် ပင်ပင်ပန်းပန်းနဲ့ လုပ်ထားတာ
မေးနေတာနဲ့ အေးကုန်တော့မယ် ဘွား "

"ကိုယ်မစားလို့ မရဘူးလားဟင် "

"မရဘူး စားရမယ်
အစာမရှိဘာမရှိနဲ့ "

"....."

"ကောင်းကောင်းပြောနေတုန်း စားနော်
မဟုတ်ရင် ပါးစပ်ထဲ အကုန်လောင်းထည့်ပစ်မှာ "

လူကို လာပြုစုတာလား
လာသတ်နေတာလား မသဲကွဲဘူး...

"အင်း စားမယ်
ဒါပေမယ့် ကိုယ်က အားမှမရှိတာ
သျှင်မင်း ခွံကျွေးနော် "

"အင်း ဟုတ်ပြီ ကျွန်တော်ခွံကျွေးမယ် "

ဘေးနားကထိုင်ပြီး တစ်ခါခပ်တိုင်း တစ်ခါမှုတ်ကာ
ကျွေးနေသော ကြွေရုပ်လေး ၊ မှုတ်လိုက်တိုင်း ထော်ထော်လာတဲ့ မြတ်နိုးရတဲ့နှုတ်ခမ်းလေး
သျှင်မင်းရဲ့ အစိတ်အပိုင်းသေးသေးလေး တွေကအစ မြတ်နိုးတယ် ချစ်တယ်
ပိုင်ဆိုင်ချင်တယ် သျှင်မင်းရယ်...

စိတ်ရှည်ရှည်နဲ့ သေချာကျွေးနေသော ကလေးလေးအား မြတ်မြတ်နိုးနိုးနဲ့ကြည့်နေမိတာ
ဘယ်လောက်ကြာပြီလဲမသိ နှုတ်ခမ်းနား တစ်ရှူးလေးဖြင့်လာသုတ်ကာမှ အသိဝင်လာသည် ၊ ဆန်ပြုတ်တောင်ကုန်ပြီတဲ့ အရသာတောင်မသိလိုက်ဘူး

ကိုယ့်ရဲ့ ကြွေရုပ်Där berättelser lever. Upptäck nu