💗 13 💗

16.5K 1.3K 55
                                    

At Japanese course,

"ဘွား ကျေးဇူးနော် "

"အင်း အတန်းဘယ်ချိန်ပြီးမှာလည်း "

"၄ နာရီမှ"

"ပြန်လာကြိုပေးမယ် "

"ရတယ် ဘွား "

"ဆိုင်ကယ်မပါပဲ ဘယ်လိုပြန်မှာလဲ "

"သူငယ်ချင်းကို လိုက်ပို့ခို်းလိုက်မယ် "

"မရဘူး ကိုယ်လာကြိုမယ်
စိတ်မချဘူး "

"ဘာစိတ်မချစရာ ရှိလို့လဲ
ကျွန်တော့် အသက် ၁၈ ပြည့်ပြီးပြီ
ကလေးမဟုတ်ဘူး "

"ကိုယ့်မျက်စိထဲမှာ ကလေးပဲ
လာကြိုမယ်ဆို လာကြိုမယ် "

သူပြောချင်တာ ပြောပြီး ကားကိုမောင်းထွက်သွားသည်
ဘယ်လိုလူမှန်းကို မသိဘူး
လုပ်ချင်သာလုပ် ခင်ဗျားကို မစောင့်ဘူး

💕

သင်တန်းက ဆရာက သွားစရာရှိလို့ ဆိုပြီး
နာရီဝက် စောဆင်းတာ ၊ ဘွားကိုမစောင့်ပဲ
ကိုယ့်ကိုကိုယ် ပြန်လာလိုက်သည် မုန့်ဝယ်စားဖို့ ပိုက်ဆံလည်း မပါ ၊ ပျင်းတိပျင်းရွဲ့နဲ့ လမ်းလျှောက်လာနေစဉ်

"အ

လူနှစ်ယောက် လွယ်အိတ်ကို ဆွဲလုသွားသည်
အတင်းဆွဲယူတာကြောင့် အိတ်ကပါသွားပြီး
ခြေထောင်ခွေကာ မှောက်ယားထိုး ခွေးကျဝက်ကျလဲကျသည် ထောက်ထားတဲ့ လက်အောက်မှာက ခဲအကြီးကြီးတွေ

ဆွဲသွားတဲ့ လူတွေကိုလည်း ဆက်မလိုက်နိုင်
အော်လည်း မအော်နိုင် ၊ လက်တွေလည်း နာတယ်
ခြေထောက်လည်း နာတယ်

"ဟော့တော့ ကလေး ထနိုင်လား

"အိတ်ကို ဆွဲလုသွားတာ

"မမှီတော့ဘူး

"ထနိုင်လား လူးလေး
လက်တွေလည်း ပွန်းပဲ့ကုန်ပြီ

ဘေးနားက ဦးလေးကြီးတွေရော အဒေါ်ကြီးတွေရော ဝိုင်းထူပေးကြသော်လည်း
ခြေထောက်က မရပ်နိုင် ၊ လက်တွေလည်း စပ်နေတာပဲ ၊ အရမ်းငိုချင်တာပဲ သိတော့သည်
ထိန်းထားတဲ့ ကြားက မျက်ရည်တွေ ကျလာသည်

"မငိုနဲ့လေ လူလေး
ဦးလေးတို့ ဝိုင်းတွဲပေးမယ်

"အိမ်ကဘယ်နားလေးလဲ
လိုက်ပို့ပေးမယ်

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now