💗 41 💗

16.6K 1K 109
                                    

လူတစ်ယောက်က လူတစ်ယောက်ကို ချစ်ခြင်း
ယောက်ကျားလေး တစ်ယောက်က ယောက်ကျားလေး တစ်ယောက်ကိုချစ်ခြင်း
သဘာဝအတိုင်း မဟုတ်ပေမယ့် ချစ်တာကချစ်တာပါပဲ

မင်းမို့လို့ ချစ်တာပါဆိုတဲ့အတိုင်း
အဓိပတိဘွားနဲ့ မင်းဓနအတွက်
ယောက်ကျားလေးတွေပဲဖြစ်နေပါစေ
သျှင်မင်းဆက်နဲ့ ခတ်တ္တရာဖြစ်နေလို့ ချစ်တာပါ

💐💐💐💐💐💐

အခုလည်း ပကာသနဘာမှမပါတဲ့
ကျွန်တော်တို့ လေးဦးရဲ့ လက်ထက်ပွဲလေး ❤
အသိသက်သေအဖြစ် ဦးဇော် ဒေါ့်ကြီးနု မင်းမင်း စစ်သွေး တို့ကိုထားပြီး တရားရုံးမှာပဲ လက်မှတ်ရေးထိုးခဲ့ကြတယ်

"ဦးလေး အများကြီး မပြောချင်ပါဘူး
သဘာဝနဲ့ဆန့်ကျင်တဲ့လက်ထပ်ပွဲလေးဆိုပေမယ့်
ဦးလေး နားလည်တယ် သဘောပေါက်တယ်
တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတာပဲ
ကဲ့ရဲ့ဝေဖန်မှုတွေလည်းရှိခဲ့မှာပေါ့ ဒါပေမယ့်
အခက်အခဲကြားထဲက အခုချိန်ထိရောက်အောင် လာခဲ့တာကိုပဲ ဝမ်းသာပါတယ်ကွယ်
ဒါကြောင့် အများကြီးမပြောတော့ဘူး
မောင်အဓိပတိဘွား နဲ့ မောင်မင်းဓနတို့နှစ်ယောက် ဒီက သူငယ်လေးနှစ်ယောက်အပေါ်
သက်ဆုံးတိုင် ချစ်ခင်နိုင်မယ်လို့ ကတိပေးနိုင်မလား "

"ဟုတ်ကဲ့ ကတိပေးနိုင်ပါတယ်

ဟုတ်ကဲ့ ကတိပေးနိုင်ပါတယ် "

"ဟုတ်ပြီ ဒီဘက်က လူလေးတို့ရော
သက်ဆုံးတိုင် ချစ်ခင်နိုင်မယ်လို့ ကတိပေးနိုင်လား"

"ဟုတ် ကျွန်တော်တို့လည်း ကတိပေးနိုင်ပါတယ် "

"အခက်အခဲများစွာကနေ ဒီထိရောက်လာခဲ့ပြီးမှ
နောင်အနာဂတ်မှာရော တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ နေသွားကြပါ ဘယ်သူသွေးခွဲခွဲ
ယုံကြည်မှု နားလည်မှုရှိကြပါ "

"ဟုတ်ကဲ့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်
နားလည်မှုနဲ့ နေကြပါမယ်
ကတိပေးပါတယ် "

"ဟုတ်ပြီ ဒါဆို လက်မှတ်ထိုးပါ "

တရားသူကြီးထံကတိဝန်ခံချက်တွေပေးပြီး
လက်ထပ်စာချုပ်ပေါ် လက်မှတ်ရေးထိုးသည်

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now