💗 26 💗

15.4K 1.2K 134
                                    

ဓားကိုယူပြီးထွက်သွားမယ့် ကိုကြီးကို နောက်ကနေဆွဲထားမိသည်

"ကိုကြီး မသွားပါနဲ့ "

"ငယ် အဲလိုငိုနေတာတွေ အဲလိုတောင်းပန်နေတာတွေကို
ကိုကြီး မကျေနပ်တာ "

"ကျွန်တော် သွားပြီး ထွက်သွားခိုင်းလိုက်မယ်
နော် ကိုကြီး "

"......"

"ကိုကြီး ထွက်သွားရင် ပြီးမှာမဟုတ်တော့ဘူး
သူဘယ်လိုလူလဲဆိုတာ ကိုကြီးသိပါတယ်
ဒါကြောင့် ကျွန်တော်ကို သွားခွင့်ပြုပါ "

အဲသလို ငယ်ပြောမှရတယ်ဆိုတာမျိုးကို
ကိုကြီးမလိုချင်တာပါ ငယ်ရယ် ...
ကိုကြီး နည်းနည်းအတ္တကြီးပါရစေ...

"ငယ် ကိုကြီး ပြတ်ပြတ်သားသား ပြောမယ်
တစ်ခုကို လိုချင်ရင် တစ်ခုကို စွန့်လွှတ်ရတယ်
ငယ် သူ့ဆီသွားမယ်ဆိုရင် ကိုကြီးကို စွန့်လွှတ်ပြီးမှသွား ဒီမှာ ဓား ကိုကြီးကို သတ်ပြီးမှသွားပါ "

"ကို ကိုကြီး "

"ငယ် ဆုံးဖြတ်
ငယ့်ဆုံးဖြတ်ချက်အတိုင်း ကိုကြီးနာခံမယ် "

ကျွန်တော်ဘာလုပ်ရမှာလဲ ကိုကြီးထွက်သွားရင်
ဘွား တစ်ခုခုဖြစ်မယ် အကယ်၍ ကျွန်တော်ထွက်ရင် ကိုကြီးကို..

"ငယ် ပြောလေ ကိုကြီးသွားရမလား
ငယ် သွားမှာလား "

ကျွန်တော့်ကိုတားထားသော ငယ့်လက်ကလေးတွေ
ပြေလျော့သွားသည်

"ကိုကြီးကို စွန့်လွှတ်ရသည်အထိ ကျွန်တော်မမိုက်မဲဘူး ကိုကြီး "

"ဟုတ်ပြီ ဒါဆို ငယ်မလိုက်ခဲ့ပါနဲ့ "

ကိုကြီးထွက်သွားတော့ ရပ်ဖို့အားမရှိတော့
တံခါးခြေနား ခွေလျက်လဲကျသည်

"ကလေးငယ် !

"သျှင်မင်းငယ် !

မျက်ရည်များသာ ကျဆင်းလျက်...

"မင်းဓန သိပါတယ်ကွယ်
လက်လွန်ခြေလွန်မဖြစ်ပါဘူး
အရမ်းကြီး စိတ်မပူနဲ့ သားငယ်လေး "

"ဟုတ်ပါတယ်ကွယ် လာ အခန်းထဲတက်နားတော့နော်"

ဒီအခြေအနေကြီးမှာ ဘယ်လိုနားနိုင်မှာလည်းဗျာ...

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now