💗 22 💗

14.2K 1.1K 78
                                    

Next morning,

At Mansion (စံအိမ်),

အတွေးတွေ တစ်ညလုံး နှိပ်စက်မှုကြောင့်
အိပ်မပျော်ခဲ့ ခုလည်း အစောကြီးထကာ
ရေချိုးလိုက်သည် နည်းနည်းလေးပဲဖြစ်ဖြစ်
စိတ်ထဲလန်းဆန်းသွားလိုသွားညားပေါ့

ဒီနေ့ပြီးရင် ပြီးပြီ သျှင်မင်းဆက်
ဒီနေ့ပြီးရင် အရင်ရက်တွေလို ပုံမှန်ပြန်ဖြစ်ပြီ
ဒီနေ့ကို ကောင်းကောင်းကျော်ဖြတ်ရမယ်
အခြေအနေတွေ အားလုံးမရှုပ်ထွေးခင်
မြန်မြန်အဆုံးသတ်ရမယ်

ကိုကြီးအတွက်ရော ဘွားအတွက်ရော ကျွန်တော့်အတွက်ရော.....

ဒီနေ့တော့ ရေမိုးချိုးပြင်ဆင်ပြီး
အခန်းထဲက အရင်ထွက်ပြီး
ကိုကြီးကို သွားခေါ်ဖို့ သွားလိုက်သည်
ကျွန်တော်အထွက်မှာ ကိုကြီးလည်း ထွက်လာသည်

"ငယ် ဒီနေ့စောကြီးပဲ
ကိုကြီးတောင် ခုပဲ လာခေါ်မလို့ "

"ဟုတ် စောကြီးနိုးနေလို့ ကိုကြီး "

"ဒီနေ့ ပုဆိုးလေးနဲ့ပါလား ငယ် "

"ဟုတ် ပုဆိုးဝတ်ချင်လာလို့
ကြည့်ရဆိုးနေလို့လား ကိုကြီး
ခု ပြန်သွားလဲလိုက်မယ် "

"ဘယ်သူပြောလဲ ကြည့်ရဆိုးတယ်လို့်
ပြောတဲ့သူက မျက်စိမပါလို့
ချစ်ဖို့ကောင်းတယ် ငယ် "

"ကိုကြီးနဲ့ တူလို့ "

ကိုကြီးထက် ပိုတယ်
ပြောမပြတတ်အောင်ကို ချစ်ဖို့ကောင်းနေတာ
ငယ့်ကိုတွေ့တိုင်း မြန်နေတဲ့ကျွန်တော့်နှလုံးသား
ကတော့ပုံမှန်လို ဖြစ်နေပါပြီ.....

"လာ ငယ်
Breakfast သွားစားမယ် "

"ဟုတ် ကိုကြီး "

ငယ့်လက်ကလေးကို ညင်သာစွာ ကိုင်ပြီး
အောက်ထပ်သို့ ဆင်းလာခဲ့သည်

"ဒီနေ့တော့ နှစ်ယောက်တူတူ ဆင်းလာတာပေါ့
လာ ဒေါ်ကြီးနုကတော့ အကုန် အဆင်သင့်ပဲ "

"ဟုတ် ဒီနေ့ အစောကြီးနိုးလို့ ကြီးနု "

"အမယ် သားငယ်လေးက
ဒီနေ့ပုဆိုးလေးနဲ့ပါလား "

"ဟုတ် ဘယ်လိုလဲ ကြီးနု "

"အေးချမ်းလိုက်တာ "

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now