💗 31 💗

15.2K 1.2K 100
                                    

မထင်မှတ်ထားပဲ ထပ်ဆုံတွေ့ရပြန်ပြီ
ကျွန်တော့်နှလုံးသားလေးက အခုမှ နေသားကျခါစပဲ ရှိသေးတယ် ဘွား
အခုတော့ ခင်ဗျားကြောင့် ပြန်လည်
အသက်ဝင်လှုပ်ရှားရပြန်ပြီ

ရပ်နေတဲ့ခြေထောက်တွေပင် မခိုင်တော့
ဘွားမျက်နှာမှလည်း အကြည့်ကမလွှဲနိုင်
ရင်ခုန်သံတွေကလည်း ထိန်းမရ

"Oh ! What happen ??
Mr.Di your shirt ??

အနောက်ကထပ်ဝင်လာတဲ့ Foreigner တစ်ယောက်အသံကြားမှ သူ့ကိုအကြည့်လွှဲမိသည်

"Your shirt is dirty with chocolate !
Hey how did you do ?? Don't you see the people is coming  ??

"Laura ! Calm down , I am ok
Don't worry "

သူမကဘယ်သူလဲ ဘွား
မတော်တဆ ဖြစ်တာခင်ဗျားနဲ့ပါ
သူမနဲ့မဟုတ်ပဲ ဘာလို့ဒေါသထွက်နေရတာလဲ

ဘေးနာက စိတ်တိုနေတဲ့ Foreigner မလေးကို
ုကြည့်မိသည် ၊ လှလိုက်တာမှ အပြစ်ပြောစရာ
တစ်ကွက်မှမရှိ ရွှေအိုရောင်ဆံပင်လေးနဲ့ နှာတံဆင်းဆင်းလေး ကလေးတွေဆော့ဆော့နေတဲ့
ဘိုမရုပ်လေးအလား

သူမနဲ့ ဘယ်လိုပက်သတ်နေလည်း ဘွား....

"ဟေ့ မင်းသူငယ်ချင်း စကားမပြောတတ်တော့ဘူးလား "

ကျွန်တော့်ကိုကျော်ကာ ခတ်တ္တရာကို မေးလာသည် ၊ တစ်ခါမှမတွေ့ခဲ့ဖူးတဲ့ သူစိမ်းတွေလို

"ဗျာ ပြောတတ်ပါတယ်
သျှင်မင်းဆက် ဟေ့ ကြားလား မင်းကိုမေးနေတယ် "

"ကြားတယ် စကားလည်းပြောတတ်တယ် "

"ပြောတတ်ရင်လည်း တစ်ခုခုပြော
အခု မင်းမြင်တဲ့အတိုင်း ကိုယ့်အင်္ကျီတစ်ခုလုံး ရစရာတစ်စက်မှမရှိတော့ဘူး ဘယ်လိုလုပ်ပေးမှာလဲ "

အကုန်ပြောင်းလဲသွားပြီပဲ ဘွား
ကျွန်တော် ဝမ်းသာပါတယ်

"ကိုယ်ပြောနေတာ ကြားလား
လျှော်ပေးလို့တော့မရဘူး
အရင်လိုအကြွေးလည်းမထားဘူး
အလျော် တစ်ခါတည်းပေးခဲ့
အင်္ကျီတံဆိပ်ကိုမြင်တယ်မလား
တန်ဖိုးဘယ်လောက်လဲ သိမှာပါ "

တော်တော်အလျော်လိုချင်နေတာ
သူ့ကိုလည်း ဘယ်သူက အကြွေးထားမှာကျနေတာပဲ
အကြာကြီးနေမှ ပြန်တွေ့တာကို
တွေ့ကတည်းက ရန်ဖြစ်ချင်အောင်ပြောနေ

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now