💗 12 💗

17.7K 1.3K 78
                                    

Hall ထဲ၌ ငယ့်ကိုမတွေ့ ကားနားမှာအထင်နဲ့ ထွက်ကြည့်တော့လည်း ကားနားမှာ မတွေ့
ဒီကလေး ဘယ်ရောက်သွားပါလိမ့်
ဖုန်းခေါ်ကြည့်တော့လည်း အိမ်မှာကျန်ခဲ့တယ်တဲ့
အထဲကို ပြန်ဝင်ပြီး ရှာလိုက်သည်

💕

ရင်ခွင်ထဲက ကြွေရုပ်လေး မတ်တပ်များ အိပ်ပျော်နေပြီလား ၊ ခုနကတည်းက တစ်ချက်မှလည်း မလှုပ်

"သျှင်မင်း ဒီတိုင်းတစ်ညလုံးနေမလို့လား
ကိုယ်က နေနိုင်တယ်နော် "

ဒီချိန်လောက်ဆို ကိုကြီးဒီနားမှာ မရှိလောက်တော့ဘူး ဒါကြောင့် ခေါင်းလေးနည်းနည်း ထွက်ကြည့်လိုက်သည်
ခန်းမ ထဲပြန်ဝင်သွားတဲ့ပုံပဲ ကားနားလည်းမတွေ့ဘူး
ဒါကြောင့် ဘွားရင်ခွင်ထဲက ထွက်ကာ

"ဘွား "

အတင်းအကျပ် ကိုတိုးထားသောကြောင့်
နှာခေါင်း ထိပ်ကလေးပင် ရဲနေပြီ
ဆံပင်တွေလည်း ထိုးထိုးထောင်ထောင်
ဘယ်လိုရုပ်လေး ဖြစ်နေပြီလည်း
ကြွေရုပ်လေးကနေ ကြွက်စုတ်လေး ဖြစ်နေပြီ

"အင်း "

"ကျွန်တော်ပြောတဲ့အတိုင်း လုပ်မယ်မလား "

"အင်း "

"ဒါဆို ကျွန်တော့်နောက် ဆက်မလိုက်ခဲ့နဲ့
ပြီးတော့ ဘွား hall ထဲပြန်သွားတော့ အခု "

"ဘာလို့လဲ ကိုယ်မေး .."

"မမေးနဲ့ ကျွန်တော်က သွားဆိုရင် သွားပေး "

"Ok ကိုယ်သွားပြီ "

မသွားခင် ကျွန်တော့်ဆံပင်ကို သူ့လက်နှစ်ဖက်ဖြင့်
အသာအယာ ဖိပေးသည်

"ဆံပင်တွေ ပွနေလို့ "

"..... "

ရင်ခုန်အောင် လုပ်သွားသေးတယ်
ကျွန်တော့် မျက်နှာကြီးလည်း ရဲနေလောက်ပြီ
ဘွားရေ ခင်ဗျားနဲ့တော့ ခက်ပြီ

"ကိုယ် သွားပြီနော် "

"ဟုတ် "

ကျွန်တော်ပြောတဲ့အတိုင်း ဘွား hall ထဲပြန်ဝင်သွားသည် ၊ ကျွန်တော်လည်း ကားနားမှာ ကိုကြီးကို သွားစောင့်နေလိုက်သည်
ခုနက ကျွန်တော်တို့နှစ်ယောက်ကို ကိုကြီးမြင်မှာ
သေချာပါသည် ၊ ကျွန်တော်မှန်း ကိုကြီးသာ သိသွားရင်

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now