💗 30 💗

15.6K 1.2K 133
                                    

မနေ့ညက အစားအသောက်တွေများပြီး
အိမ်ရောက်တော့ ဘာမှမလုပ်နိုင်
အိပ်ယာထဲ တန်းပြီးအိပ်ပလိုက်သည်

မနက်လင်းတော့လည်း မထနိုင်
မနေ့ကလိုပဲ ခတ်တ္တရာအိမ်ကိုလာသည်
ညနေရောက်မှ ကိုမင်းသင်တန်းသွားဖို့ လာခေါ်သည်

At Japanese course,

ဒီနေ့သင်တန်းစောရောက်ကာမှ
せんせい (teachel ) နေမကောင်းလို့
ပိတ်တယ်တဲ့

"သျှင်မင်းဆက် သင်တန်းကပိတ်တယ်
ဘယ်လိုပြန်ကြမလဲ "

ခါတိုင်းဆို ကျွန်တော့်ကားနဲ့ ပြန်လို့ရပါသည်
ဒါပေမယ့် မနေ့ကတည်းက ကားကဝပ်ရှော့မှာ
သင်တန်းကို ကိုမင်းမင်းလိုက်ပို့တာမလို့
အခုလို သင်တန်းပိတ်တော့ နှစ်ယောက်သား ပြန်စရာမရှိ လမ်းလျောက်ပြန်ဖို့အတွက်ကလည်း
အဝေးကြီးမလို့ မဖြစ်နိုင်

"မသိဘူး လမ်းလျောက်ပြန်ဖို့ကလည်း အဝေးကြီးပဲ ဘယ်လိုလုပ်ကြမလဲ
အာ ဖုန်းခေါ်လို့ရတယ်လေ "

"ဟုတ်သားပဲ မင်းနဲ့ပေါင်းမှ ငါလည်းကြောင်ကုန်ပြီ သျှင်မင်းဆက်ရ "

"အံမယ် သူကပဲပြောရတယ်ရှိသေးတယ် "

ကြောင်တောင်တောင်နဲ့ နှစ်ယောက်သား
ဖုန်းဆက်ဖို့ မေ့နေကြသည်

"No bill တဲ့ ဟုတ်သားပဲ မေ့နေတာ
မနေ့ကတည်းက bill ချီးထားတာလည်း ကုန်နေတယ် "

"အမ် ဟုတ်လား ငါဖုန်းက ကိုကြီး construction မှာကျန်ခဲ့တယ် "

"ဟမ် အဲဆိုဘယ်လိုလုပ်ကြမလဲ "

"မထူးတော့ပါဘူး သင်တန်းရှေ့မှာပဲ ထိုင်စောင့်ကြတာပေါ့ "

"စောင့်မယ့်အတူတူ သင်တန်းရှေ့မှာမစောင့်ချင်ပါဘူး
လာ သျှင်မင်းဆက် ဟိုနားက သစ်ပင်နား သွားရအောင် "

ဟိုးနားက သစ်ပင်တဲ့လား
အတွေးပုံရိပ်ထဲ ကျောခိုင်းထွက်ခွာသွားသူ တစ်ယောက်ကို သတိရမိလာသည်
ရင်ထဲတဆစ်ဆစ်နှင့် အောက်သက်လျက်..

"သျှင်မင်းဆက် အဆင်ပြေရဲ့လား "

"......"

"အဲနားက သစ်ပင်ကရော သူနဲ့ပက်သတ်နေတာလား "

ကိုယ့်ရဲ့ ကြွေရုပ်Kde žijí příběhy. Začni objevovat