💗 16 💗

15.7K 1.2K 116
                                    

At Golden construction,

At CEO office,

မေးသမျှမေးခွန်းအားလုံး အဖေ့ကြောင့်ဆိုပြီး
အကုန်ဖြေသွားသောသူ ၊ ဒီခေတ်လူငယ်တွေ မလွယ်ပါလား ၊ တော်သေးသည် ငယ် ကျွန်တော့်လက်အောက်မှာ ကြီးပြင်းခဲ့လို့

###Note

Interview ကိုရုံးခန်းကနေ ကြည့်ပြီး
အမှတ်ပေးတာပါ ####

"ဟုတ်တယ် အဲအရိုင်းအစိုင်းကောင်ပဲ
CEO မနေ့က ကျွန်တော်တို့ကို ပြောသွားတဲ့သူ "

"ဟုတ်လို့လား "

"သေချာတယ် CEO
အခုဖြေသွားတဲ့ပုံကိုလည်း ကြည့်လိုက်ဦး
ထရိုက်ချင်စရာကြီး ကျွန်တော်သာ အဲနားရှိရင် တစ်ခုခုနဲ့ ကောက်ပေါက်လိုက်မှာ "

"...."

"CEO ကျွန်တော်အကြံတစ်ခုရပြီ "

"ဘာလဲ "

"အဲကောင်ရဲ့ ပုံစံကိုကြည့်ကြည့်
ချောတယ် ချစ်စရာကောင်းတယ်
အပြောအဆို အမူအရာတွေကြောင့်သာ
အမြင်ကပ်ချင်စရာ ဖြစ်နေတာ "

"အင်း ဘာလို့လဲ "

"ကျွန်တော်တို့ သူ့ကို အသုံးချရင်ရော "

"မဖြစ်နိုင်ဘူး မင်းမင်း
အဲလောက် ဂျစ်တစ်တစ်နဲ့
အဆင်မပြေလောက်ဘူး "

"ပြောလို့မရဘူး ဟိုဘက်က
သူ့လို ဂျစ်တစ်တစ်မှ ကြိုက်ရင်ကြိုက်နေမှာ
CEO ရဲ့ "

"ငါတို့က လုပ်မယ် ထားပါဦး
အဲဒီ တစောက်ကန်းက လက်ခံပါ့မလား "

"ငွေများများပေးရင် ရလောက်တယ် ထင်တယ် CEO အခုတောင် အလုပ်လာရှာတာပဲကို "

မင်းမင်း ပြောသလို တွေးကြည့်မိသည်
အဲကောင်လေးကို အသုံးချလိုက်ရင် အဆင်ပြေပါ့မလား

"ဟုတ်ပြီ သူ့ကို မေးကြည့်ရမှာပေါ့
လုပ်နိုင်မလားဆိုတာ "

"CEO ကြည့် ကြည့် သူ Interview roomထဲ
ပြန်ဝင်လာပြန်ပြီ ဘာလုပ်မလို့လဲ မသိဘူး "

"သွားခေါ်ထုတ်လိုက်
တခြားသူတွေဖြေဖို့ အခ်ျိန်နောက်ကျတယ် "

"ဟုတ် "

💕

ဒေါက် ဒေါက်

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now