💗 6 💗

22.3K 1.6K 44
                                    

ဒီရက်ပိုင်း အတွင်း ကိုကြီး တော်တော်ပင်ပန်းပါသည်
အလုပ် တစ်ဖက်နှင့် မနက်စာမေးပွဲ ဖြေတော့လည်း လိုက်ပို့ နေ့လည်ပြီးတော့လည်း
လာကြို ၊ ညစာကျက်ရင်လည်း စောင့်ပေး
မနက်ရောက်ပြန်တော့လည်း ကျွန်တော်နှင့်အတူ
လိုက်ထပြီး စာကူစောင့်ပေးရနဲ့

ဒီနေ့ နောက်ဆုံးနေ့ ဒီနေ့ ဖြေပြီးရင် ပြီးပြီ
အလယ့် ဘယ်ဆိုးလို့လဲ ဒီနေ့ ကိုကြီးလာမနိုးခင်
အရင်နိုးနေတာပဲ ၊ အိပ်ယာသိမ်းပြီး မျက်နှာသစ်
ပြီးသည်အထိ ကိုကြီးမလာသေးဘူး
အိပ်ယာမနိုးသေးဘူး ထင်တယ်
အိပ်ပါစေလေ ကိုကြီးပင်ပန်းနေတာ

နောက်ဆုံးနေ့မလို့ တက်ကြွနေတာနဲ့
Bio တွေဆိုကြည့်နေတာ တန်းနေတာပဲ
စာလုံးပေါင်းလေး ပြန်ရေးကြည့်ဦးမှ

ဒေါက် ဒေါက်

"လာပါပြီ "

ချလောက်

"ကိုကြီး နိုးပြီလား "

"Sorry ငယ် ကိုကြီးနောက်ကျသွားတယ်
မနေ့ညက ငယ့်ကိုစောင့်ပြီးတော့ အလုပ်နည်းနည်း ဆက်လုပ်လိုက်တာ လင်းခါနီးမှ အိပ်ပျော်သွားတာမလို့် "

"ရပါတယ် ကိုကြီးရဲ့
ကိုကြီး အရမ်းပင်ပန်းနေပြီ "

"ဘာမှမဖြစ်ဘူး
စာက ပြန်နွှေးပြီးပြီလား "

"ဟုတ် အခု စာလုံးပေါင်း ရေးနေပြီ ကိုကြီး "

"အင်း ဟုတ်ပြီ
ကိုကြီး ရေသွားချိုးလိုက်ဦးမယ် ငယ်
ပြီးမှ လာခဲ့မယ် "

"ဟုတ် ကိုကြီး "

ကိုကြီး သွားတာနဲ့ စာလုံးပေါင်း ပြန်ကြည့်
ပြီးတော့ ရေချိုး အဝတ်အစားလဲ
ခဏနေ ကိုကြီး လာခေါ်တာနဲ့ breakfast စား
ပြီးတော့ စာမေးပွဲဖြေဖို့ သွား

At car,

"ငယ် "

"ဟုတ်"

"နောက်ဆုံးဘာသာဆိုပြီး မြန်မြန်ပြီးအောင်
မလုပ်ခဲ့နဲ့ ဖြေးဖြေးမှန်မှန်လေးရေးခဲ့ "

"ဟုတ် "

"မရတာတွေ အကြာကြီး စဉ်းစားမနေနဲ့
ရတာတွေ အရင်ရေးခဲ့ "

"ဟုတ် ကိုကြီး
ကောင်းကောင်းဖြေခဲ့ပါ့မယ် "

"လိမ္မာတယ်​ "

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now