💗 28 💗

14.9K 1.2K 104
                                    

At Golden construction,

ခတ်တ္တရာကို နှုတ်ဆက်ပြီး သွားတော့မယ့်အချိန်
အနောက်က ကိုကြီးရောက်လာသည်

"ငယ် ဘယ်တွေသွားနေတာလည်း
ရုံးခန်းထဲမှာမတွေ့လို့ "

"ကိုကြီး meeting ပြီးပြီပေါ့ မြန်တာ
ဒီမှာ သူငယ်ချင်း နဲ့ စကားပြောနေတာ "

"သူငယ်ချင်း ?? "

ငယ်ပြောကာမှ ဘေးကလူကိုကြည့်မိသည်
ခတ်တ္တရာ !!!.. ခုထိမပြန်သေးဘူး

"ခတ်တ္တရာက ငယ့်သူငယ်ချင်း "

"ဟုတ် ကိုကြီး  "

"ဘယ်လိုဖြစ်ပြီး ငယ့်သူငယ်ချင်း ဖြစ်နေတာ "

"ပြောစရာရှိတယ် ကိုကြီး
ကိုကြီး ခတ်တ္တရာကို အလုပ်ဖြုတ်ပစ်တယ်ဆို
အခု သူ့မှာ လုပ်စရာမရှိတော့ဘူး "

"ခတ်တ္တရာ မင်း ငယ့်ကိုဘာတွေပြောထားတာလဲ"

"ဘာပြောလို့လဲ အမှန်တိုင်း တစ်ခုမကျန်ပြောတာလေ ဦးမင်းဓနရဲ့ "

"ကိုကြီး သူ့ကိုအလုပ်ပြန်ခန့်ပေးလိုက်ပါ
မဟုတ်ရင် သူဒုက္ခရောက်တော့မှာ  "

"သူ့ရုပ်ကို သေချာကြည့်ဦး ငယ်
ဒုက္ခရောက်မယ့်ရုပ်လားလို့ ပြီးတော့
ငယ် သူ့ Interview ဖြေထားတာ ဘယ်လိုဖြေထားလည်း သိလား
လာ ကိုကြီးပြမယ် "

"ဟေ့ ဦးမင်းဓန..

သျှင်မင်းဆက်ကိုဆွဲခေါ်ကာ ထွက်သွားသော နောက်ကို လိုက်လာခဲ့လိုက်သည်

At CEO office,

ရုံးခန်းထဲဝင်ပြီး တံခါးပိတ်မဲ့အချိန်
အနောက်ကနေပါလာသော ခတ်တ္တရာ

"မင်းက ဘာလိုက်လုပ်မလို့လဲ "

"ကျွန်တော်ဘယ်လိုဖြေထားလည်း ပြန်နားထောင်မလို့လေ "

ပြောကာ အတင်းဇွတ်ဝင်လာသည်
ဘယ်လိုမှန်းကို မသိဘူး ဂျစ်တစ်တစ်နဲ့

Interview ကိုကြည့်ကာ ရယ်နေသော
ငယ်  ဒီလိုလေးပြုံးတာ မမြင်ရတာ
ရက်အနည်းအငယ်တောင် ကြာပေါ့
ဒီလိုကျတော့လည်း အရှေ့ကဂျစ်တူးကောင်ကို အလုပ်ခန့်ချင်စိတ်တွေ တဖွားဖွားပေါ်လာသည်

"ခတ်တ္တရာ မင်းအဲဒီနား ကိုကြီးမရှိတာ ကံကောင်းသွားတယ် "

"ဘယ်လိုလဲ ကြွေသွားလား သျှင်မင်းဆက် "

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now