💗 25 💗

16.4K 1.2K 87
                                    

အခုဘာဆက်လုပ်မှာလဲ သျှင်မင်းဆက်
ကိုကြီးလည်းသိသွားပြီ ဘွားလည်းဘယ်လို ပုံစံနဲ့ကျန်ခဲ့လည်း ဘယ်လိုတွေဖြစ်နေပြီလည်း
မသိဘူး....

ကိုကြီးနဲ့ ပြန်လာပြီးကတည်းက အခန်းထဲမှာ
ဘာကို ဘယ်လိုဆက်လုပ်ရမလဲမသိ
ပါးထက် မျက်ရည်များသာ တလိမ့်လိမ့်ကျဆင်းလျက် ....

ဒေါက် ဒေါက်

အပြင်ဘက်က တံခါးခေါက်သံ ဘယ်သူလဲ
ကိုကြီးများလား...

လော့မချထားခဲ့တာကြောင့် တံခါးဖွင့်ပြီး
ဝင်လာသူက ဦးလေးကြီး

"သျှင်မင်းငယ် "

"ဟုတ် ဦးလေးကြီး "

"ဘာလို့ငိုနေတာလဲကွယ် "

"......"

"တိတ်တိတ် လာ နေ့လည်စာ စားရအောင်
ဘာတွေဖြစ်ခဲ့လဲ ဦးလေးကြီးမသိပေမယ့်
ခဏနေရင် မင်းဓနလည်း စိတ်ဆိုးပြေမှာပါ
ကလေးငယ်ကို ဘယ်တုန်းက စိတ်ဆိုးဖူးလို့လဲ "

ဒီတစ်ခါမတူဘူး ဦးလေးကြီးရယ်
ကျွန်တော် အပြစ်အကြီးကြီးလုပ်ထားတယ်....

"လာပါ နေ့လည်စာ စားရအောင်
ကြီးနုက ကလေးငယ်ကြိုက်တာတွေ ချက်ထားတယ် "

"ကိုကြီးရော "

"မင်းဓနလည်း သူ့အခန်းထဲမှာပဲ
သူ့ကိုတော့ ဦးလေးကြီး သွားမခေါ်ရသေးဘူး "

"......"

"လာပါ ကလေးငယ် ထွက်လာရင် မင်းဓနလည်း ထွက်လာမှာပါ "

"ဟုတ် ကျွန်တော်ခဏနေလာခဲ့ပါ့မယ်
ဦးလေးကြီး "

"အခုလာခဲ့ ငယ် ထမင်းစားချိန်နောက်ကျနေပြီ"

ဦးလေးကြီးထွက်မသွားခင် ကျွန်တော့်အခန်းထဲ ဝင်လာသော ကိုကြီး...

"ကို ကိုကြီး "

မျက်လုံးတွေတောင်မို့နေပြီ ငယ်ရယ်
ဘယ်လောက်တောင် ငိုထားတာလဲ

"ထ ထမင်းစားမယ်
ဦးဇော် ထမင်းပြင်ထားပေး "

"ဟုတ်ပြီ လူလေး "

ဦးလေးကြီးထွက်သွားကာမှ ကိုကြီးကျွန်တော့် ကုတင်ဘေးထိုင်ကာ

"ငယ် မျက်ရည်တွေသုတ်
ကိုကြီးရှေ့မှာ သူ့အတွက်မငိုနဲ့ "

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now