ရီပေါ် POV........
အိမ်ပြန်လမ်းတစ်လျှောက်လုံး တွေဝေနေမိလေသည်....
ခေါင်းထဲမှာလည်း ဝူရန်နဲ့ ပြောခဲ့တာတွေကိုပဲ ပြန်တွေးနေမိတယ်.........လမ်းအတော်ကြာလောက်လျှောက်ပြီးတဲ့အခါ ကျမှ
ကားဟွန်းတီးသံကြား၍ သတိဝင်လာခဲ့လေသည်။သို့သော် ရှောင်ရန်မမှီလိုက်။ကားသည် ကျွန်တော်နဲ့ အရမ်းနီးကပ်နေပြီဖြစ်၍ လန့်ပြီးလဲကျရာ ခြေဆစ်ခေါက်သွားလေသည်။အစကတော့ ဘာမှသိပ်မဖြစ်လို့ ဒီတိုင်းပြန်ရန်အလုပ် .....
ကားပေါ်မှဆင်းလာတဲ့သူကြောင့် အတွေးပြောင်းကာ.......
ခြေထောက်နာဟန်ဆောင်လိုက်လေသည်။
ထို့နောက်ဆေးခန်းသို့ ပို့ပေးသောအခါ ဆရာဝန်အား ခြေထောက်ကျိုးဟန် ဆောင်ပြီး ကျောက်ပက်တီးစည်းခိုင်းလိုက်လေသည်။အိမ်ကို ပြန်ပို့တဲ့လမ်းတစ်လျှောက်လုံး အကိုရှောင်ကျန့်ကပဲ လိုက်ပို့ပေးခဲ့သည်။ ကားပေါ်မှအိမ်ထဲသို့မဝင်နိုင်ဘူးဟု ထင်သော အကိုက ကျွန်တော့်ကို အိမ်ထဲအထိ ပွေ့ ချီပေးခဲ့ပြီး
အိမ်ခန်းထဲထိ အသေအချာဂရုစိုက်၍ ပို့ပေးခဲ့လေသည်။အကို့ ရင်ခွင်ထဲနေရတာ အရမ်းနွေးထွေးတာပဲ....
ကျွန်တော်အပိုင်လိုချင်တယ်.....ဘယ်သူ့ ပိုင်ဆိုင်မှုပဲ ဖြစ်ဖြစ်.....ကျွန်တော်အကို့ကို ပိုင်ဆိုင်ချင်တယ်
ရအောင်ယူမယ် .....အကိုက သူ့ကောင်လေးနဲ့ ဖုန်းပြောနေတယ်.....
သူ့ကောင်လေးနေရာမှာ ကျွန်တော်ဖြစ်ချင်လိုက်တာ............................…..….…...............................
"ဟေ့!........ရီပေါ် !.....ဝမ်ရီပေါ် !......"
ရှောင်ကျန့် ညည်းသံကြား၍ ရီပေါ်အခန်းထဲသို့ ဝင်ကြည့်ရာ ရီပေါ်ဖျားနေလေသည်။ထို့ကြောင့်
ရီပေါ်သတိမေ့ မသွားစေရန် လှုပ်နှိုးကြည့်သော်လည်း မနိုးသဖြင့် ရှောင်ကျန့်ကိုယ်တိုင်သာ ရီပေါ်ပို၍ အဖျားမတက်စေရန် ရေစိုဝတ်ဖြင့် တိုက်ပေးနေရသေးသည်။မနက်ရီပေါ်နိုးလာတော့.....
ရှောင်ကျန့်က ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး....ကုတင်းပေါ်သို့ ခေါင်းတင်၍ အိပ်ပျော်နေလေသည်။
YOU ARE READING
ချစ် အတ္တ ( Uni+ Zaw )
Fanfiction[Zawgyi] တစ်ခါတစ်လေ.... ကိုယ်ရဲ့  ဘဝက ဘယ်လောက်ပဲ နှိမ့်ကျပါစေ..... စစ်မှန်တဲ့ မေတ္တာတော့ ရှိခဲ့ကြတယ်မလား........ ချစ်တတ်လာတဲ့ လူတိုင်းက အတ္တ ကိုယ်စီတော့ ရှိလာကြတာပဲလေ........... ဒါဟာအပြစ်ဆိုလည်း.......ကျေကျေနပ်နပ်လက်ခံလိုက်ပါ့မယ်...... [Unicode] တစ်ခါ...