ချစ် အတ္တ -34

3.6K 234 40
                                    

ရှောင်ကျန့်တစ်ယောက် အိပ်ရာနိုးတော့ ဘေးနားတွင် မည်သူမှမရှိ။ ခန္ဓာကိုယ်ပေါ်တွင်လည်း ကိုက်ရာများ ရှိနေပြီး ညကအကြောင်းများကိုလည်း
တစ်စက်ကလေးမှ မမှတ်မိ ။ထို့ကြောင့် စဉ်းစားလည်း မထူးတဲ့အတူတူ ရှောင်ကျန့်ရေချိုးခန်းထဲဝင်၍ ရေမိုးချိုးလိုက်လေသည်။

ရေချိုးပြီး အခန်းထဲမှထွက်လာသောအခါ.....
မီးဖိုခန်းထဲတွင် ဟင်းချက်နေသော ထိုကောင်မလေး.......
ရှောင်ကျန့် ထိုကောင်မလေးကို ကြည့်မိသောအခါ
ညကအဖြစ်အပျက်များကို တရိပ်ရိပ်နဲ့ မြင်လိုက်ရလေသည်။

ညက ရှောင်ကျန့် လူတစ်ယောက်နှင့် အတူတူအိပ်မိခဲ့သည်။ ထိုသူ၏ မျက်နှာက ရီပေါ်နှင့်တူသည်။သို့ပေမဲ့ ရှောင်ကျန့်နှင့် အတူတူအိပ်မိတာ ရီပေါ်လား ၊အဲ့ကောင်မလေးလားဆိုတာ ရှောင်ကျန့် မသဲကွဲ။
ထို့ကြောင့် ရှောင်ကျန့်စိတ်ပူမိ၍ သေချာသွားအောင်
ထိုကောင်မလေးအား မေးမြန်းရန် မီးဖိုခန်းထဲသို့ ဝင်သွားလိုက်လေသည်။

"အဟမ်း!!...."

ရှောင်ကျန့်လာတာကို တွေ့ တဲ့ကောင်မလေးက ရှောင်ကျန့်အား....

"ကိုကို !!!......ဗိုက်ဆာနေပြီးလာ?...."

"အင်း....ဒီနေ့ ဟင်းချက်တာ နောက်ကျတယ်နော်....."

"အင်းပေါ့.....အဲ့တာ ကိုကို့ကြောင့်လေ.....
ကိုကိုသာ......ညက ...."ဟု ပြောပြီး ခေါင်းငုပ်ကာ
အသံတိုးသွားသောကြောင့်........

ရှောင်ကျန့် တစ်ယောက်ထိုကောင်မလေးအား ဘာမှဆက်မပြောတော့ရန် ✋ ဖြင့် တားလိုက်လေသည်။ထို့နောက် အသက်ကို ပြင်းပြင်း‌လေးတစ်ချက် ရှူ၍ ......

"တော်ပြီး!....ဆက်‌မပြောနဲ့တော့....
ငါ သဘောပေါက်ပြီး......." ဟု ပြောကာ ရှောင်ကျန့် တစ်ယောက် ထိုနေရာမှ ထ ထွက်သွားခဲ့လေသည်။

*တောင်းပန်ပါတယ် ကိုကို......
လွယ်လွယ် ရတဲ့အရာတိုင်းက တန်ဖိုးထားမဲ့သူမရှိမှန်း သိခဲ့ရတဲ့အချိန်.....
ကိုကို့ ကို ချစ်တဲ့ အချစ်တစ်ခုကလွဲရင်
ကျန်တာအကုန် ပြောင်းလဲခဲ့တယ်.......*

*ကလေးရယ်.....
ကိုကိုတို့ ဆုံနိုင်ဖို့ အခွင့်အရေး
မရှိ‌တော့ဘူးလား?......အချိန်ကြာရင် မေ့သွားမှာပါ
ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကားက ကိုယ့်အတွက်တော့ လွဲနေတယ် ကလေးရယ်....*

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now