ချစ် အတ္တ -53

3.3K 207 26
                                    

တစ်လရှိပြီး။ကိုကိုနဲ့ လက်ထက်ပြီးကတည်းက အိမ်မက်ဆိုးတွေ ဆက်တိုက်မက်နေတာ။ အိမ်မက်ထဲမှာ ကိုကိုက သူ့ရဲ့အသည်းနှလုံးကို ပုံစံအမျိုးမျိုးနဲ့ ကျွန်တော့်ကို လာပေးတယ်။ ကျွန်တော်ကြောက်တယ် ။
ကျွန်တော် ကိုကို့ကိုဆုံးရှုံးရမှာ‌ကြောက်တယ်။ ပြီးတော့ ကျွန်တော့်ရဲ့အိမ်မက်အ‌ကြောင်းကို ဘယ်သူကိုမှမပြောပြဖြစ်ဘူး။
အထူးသဖြင့် ကိုကိုကို့ပေါ့.....

ကိုကိုမသိလိုက်တာက အဲ့နေ့က ဝူရန်နဲ့‌ပြောနေတဲ့စကားတွေကို ကျွန်တော်လည်း ကြားခဲ့တယ်ဆိုတာပဲ ။ဝမ်းနည်းလွန်းလို့ စို့တက်လာတဲ့  ခံစားချက်တွေကို ဖုံးကွယ်ပြီး
ဘာမှမသိချင်ဟန်ဆောင်ခဲ့တယ် .... ကိုကိုသွားရင်တော့ ကျွန်တော်ပါလိုက်ခဲ့မယ်ဆို‌ပေမဲ့
ကိုကို့ကို‌တော့ စိတ်ဖြောင့်ဖြောင့်နဲ့ပဲ သေစေချင်တယ်။

ကျွန်တော်သိတယ် ။ကိုကိုဆေးတွေလည်း မသောက်တော့ဘူး ။အရင်လို ကျန်းမာရေးလည်း သိပ်ဂရုမစိုက်တော့ဘူး ။ညညဘက်ကျရင်လည်း မအိပ်ဘဲ တစ်ယောက်ထဲငိုနေတက်တယ် ။ ဘာတဲ့
ဦးနှောက်သေတဲ့သူတစ်ယောက်  မြန်မြန်ဖြစ်ချင်နေပြီတဲ့။ ကိုကိုက ကျွန်တော့်ကို သူမရှိတဲ့ဘဝမှာ တစ်ယောက်ထဲ နေခိုင်းတယ် ။ သူမရှိဘဲ ရှင်သန်ရမယ့် ကျွန်တော့်ရဲ့ဘဝကို သူမတွေးပေးခဲ့ဘူး။ ဒါကြောင့် နှစ်ယောက်လုံးစိတ်မချမ်းသာတော့တဲ့ အခြေအနေမို့
ကိုကိုစိတ်ရှိတိုင်းသာ ပေးနေပြီး မမြင်ချင်ဟန်ဆောင်ပေးလိုက်တယ်။အခု ကိုကိုလည်း တဖြည်းဖြည်းအားနည်လာခဲ့ပြီး။ ကိုကိုသွားရင် ကျွန်တော်လိုက်သွားမယ် ။ ဘယ်တော့မှတော့ မခွဲဘူး။ ဒီဘဝမှာ ခဏတာပဲ ချစ်ခဲ့ရရင် နောက်ဘဝတွေမှာ အတိုးချပြီး ပိုချစ်ပေမယ်။ဒါက ကျွန်တော်ကိုကို့ကို အ‌သေချာဆုံးပေးနိုင်တဲ့ ကတိတစ်ခုပဲ။

"ကိုကို !!! .....ဆေးသောက်နေတာလား?...."

"အင်း....ဟုတ် ....ဟုတ်တယ်!!." ဟူသော စကားကို ကိုကိုက ကျွန်တော့်ကိုတွေ့ ‌တော့ သူခိုးလူမိသလို အလန့်တကြားနှင့် ပြန်ဖြေတယ်။

"အင်းပါ .....ဆေးသောက်ပြီးရင် အပြင်သွားကြရအောင်?......ကျွန်တော်တို့ အတူတူ......."

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now