တစ်နှစ်ရှိပြီး ......
ကိုကို မရှိတော့တဲ့အချိန်တွေဟာ တကယ်ကြောက်ဖို့ကောင်းတယ်.......
အဲ့ဒီအချိန်တွေက ကျွန်တော့်ကို ငိုအောင်လည်း လုပ်နိုင်တယ် ရယ်အောင်လည်း လုပ်နိုင်တယ်.....
ဒီလိုပါပဲ ကျွန်တော်ကလည်း ကိုကို့အကြောင်းတွေ ရသလောက်စုံစမ်းကြည့်ပေမဲ့ တိုင်းတစ်ပါးခြားထွက်သွားတဲ့ ကိုကို့အကြောင်းကို
ကျွန်တော့်လို ငမွဲငတေတစ်ယောက်က ဘာမှမသိနိုင်ပါဘူး......ဒါပေမဲ့ ကျွန်တော်ဇွဲမလျော့ခဲ့ဘူး.....အလုပ်ကိုမရပ်မနား
လုပ်ခဲ့တယ် .....ပိုက်ဆံတွေကို မသုံးမစွဲ စုခဲ့တယ်....
နှလုံးကို အမြန်ဆုံးအစားထိုးပြီး ကိုကို့ကိုလိုက်ရှာမယ် ပြီးတော့ တောင်းပန်ပြီး ကိုကို့အချစ်ကို ပြန်တောင်းခံမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ပေါ့.......ကျွန်တော် ကိုကိုမရှိတဲ့ တစ်နှစ်အတွင်း....ဘုရားသခင် ဆီမှာ အကြိမ်ကြိမ်ဆုတောင်းခဲ့တယ် .......
ကိုကိုအနားကို ပြန်လာပါစေလို့ ......
ပြီးတော့ ကိုကိုကျွန်တော့်ကို
ပြန်ဆက်သွယ်လာပါစေ လို့.........ကျွန်တော့် ဆုတောင်းပြည့်ခဲ့တယ် ထင်တယ် ....
လွန်ခဲ့တဲ့နှစ်ရက်က ကျွန်တော့်ဆီကို "ကိုကို " လို့မှတ်ထားတဲ့ contacts name လေးတစ်ခု ဖုန်းဝင်လာခဲ့တယ်.......ဝင်ဝင်ချင်း ရင်တွေခုန်လွန်းလို့ မေ့လဲကျမတတ်ပါပဲ....... အဲ့ချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် ကိုကို့ကို ဖမ်းဆုပ်ထားနိုင်ဖို့ ဖွင့်ပြောမယ် တွေးထားခဲ့သော်လည်း ကိုကို့ဆီက စကားများက ကျွန်တော့်ခေါင်းကို မိုးကြိုးအစင်းတစ်ရာ ပစ်ချခံရသလိုပဲ.......အဲ့ဒါက.........
"ရီပေါ် !!....."
"အင်း....ကိုကိုလား?...."
"ဟုတ်တယ်....နေကောင်းလား?....
အဆင်ပြေကြလား?....""အင်း ပြေတယ်ကိုကို ....."
"အင်း...."
"ကိုကို !.....ကျွန်တော့်ဆီ ပြန်လာနိုင်မလားဟင်?....
ကျွန်တော် ကိုကို့ကို အရမ်းလွမ်းတယ် ပြီးတော့ အရမ်းလည်း ချစ်တယ် အဲ့တာကြောင့်မို့ ကျွန်တော့်ဆီ ပြန်လာခဲ့ပေးပါလားဟင်?.....""ကလေးရယ်...... ဒီစကားလေး
အခုမှကြားရတာ ဆိုပေမဲ့ ကိုကိုအရမ်းပျော်ပါတယ်
ဒါပေမဲ့.....မဖြစ်နိုင်တော့ဘူး ကလေးရဲ့....."
YOU ARE READING
ချစ် အတ္တ ( Uni+ Zaw )
Fanfiction[Zawgyi] တစ်ခါတစ်လေ.... ကိုယ်ရဲ့  ဘဝက ဘယ်လောက်ပဲ နှိမ့်ကျပါစေ..... စစ်မှန်တဲ့ မေတ္တာတော့ ရှိခဲ့ကြတယ်မလား........ ချစ်တတ်လာတဲ့ လူတိုင်းက အတ္တ ကိုယ်စီတော့ ရှိလာကြတာပဲလေ........... ဒါဟာအပြစ်ဆိုလည်း.......ကျေကျေနပ်နပ်လက်ခံလိုက်ပါ့မယ်...... [Unicode] တစ်ခါ...