ချစ် အတ္တ -23

4.1K 274 31
                                    

တစ်ပတ်အတွင်းမှာ ရှောင်ကျန့်တစ်ယောက် ရီ‌ပေါ်ရဲ့ စိတ်ကိုပိုပိုသိလာတယ်.....ရှောင်ကျန့်အပေါ်မှာ
ထားတဲ့ ရီပေါ်ရဲ့ခံစားချက်တွေကိုလည်း တဖြည်းဖြည်း  နားလည်လာတယ်.....
ရှောင်ကျန့်အတွက် အဆိုးဆုံးကတော့ သူရီပေါ်ကို
သံယောဇဉ်ရှိလာတာပဲ ..........

‌ရှောင်ကျန့် ကျင့်လေးကို ချစ်ပေမဲ့  သူမရှိရင်
အားငယ်တတ်တဲ့ ကလေးကိုလည်း ရှောင်ကျန့်မျက်ကွယ်မပြုနိုင်။ရီပေါ်နဲ့ပဲ နေမလားဆိုတော့လည်း.....ကျင့်လေးကို မခွဲနိုင်။
ထို့‌ကြောင့် ရှောင်ကျန့်ဘာမှတွေးမနေတော့ဘဲ
ကံစီမံရာအတိုင်းဟု ဆိုလျှက် ဖြစါသမျှကိစ္စ ကံကိုသာပုံချလိုက်တော့သည်။

ရှောင်ကျန့် အကျီထုပ်အား ပြတင်းပေါက်မှ အိမ်ပြင်သို့ ပစ်ချထားပြီး လူချည်းသက်သက်အောက်ကို ဆင်းလာသည်။
အောက်တွင် ရီပေါ်ကရှောင်ကျန့်အတွက် မနက်စာပြင်ပေး၍ ထိုင်စောင့်နေလေသည်။

"ရီပေါ်........"

"အာ!....ကိုကို ဒီမှာလာထိုင်လေ.....
မနက်စာ အတူတူစားရအောင်...."

"အင်း..."

ရှောင်ကျန့်လည်း ရီပေါ်ပြောသော နေရာတွင် ဝင်ထိုင်၍ ရီ‌ပေါ်အသင့်လုပ်ထားပေးသော ‌ကော်‌ဖီနှင့်မုန့်တို့ကို  ထိုင်စားလိုက်လေသည်။

"ကိုကို အပြင်သွားစရာ ရှိလို့လား?.....
ကျွန်တော် လိုက်ပို့ပေးမယ်လေ...."

"ရတယ် ရီပေါ်.....
ကိုကို ကိုယ့်ကကိုယ်ပဲ သွားလိုက်မယ်....."

"အင်း......ဒါနဲ့ ကိုကို ဘယ်အချိန် ပြန်လာမလဲ?...."

"ဒါက....."
ရှောင်ကျန့်ခဏတာ တွေဝေနေတာကြောင့်....

"ကိုကို စိတ်ကြိုက်လည်ခဲ့ပါ....
ကျွန်တော် စောင့်နေမယ်........."

"....................."

ရှောင်ကျန့်ဘာမှ ပြန်မပြောသော‌ကြောင့် ရီပေါ်တစ်ယောက် အိမ်အပြင်သို့ ခဏထွက်သွားလေသည်။

*ဒီကလေး ဘာတြွေဖစ်နေတာလဲ?.....
မျက်နှာလည်းမကောင်းဘူး.....
ဧကန်န ငါသွားမှာများ သိသွားတာလား?...
မဖြစ်နိုင်ပါဘူး.....ငါသေချာဂရုစိုက်ထားတာပဲ....
ငါစိတ်ထင်တာ ဖြစ်မှာပါ........*

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now