ချစ် အတ္တ - 45

3.3K 211 46
                                    

"ခင်ဗျားက ဘယ်သူလဲ?...
ဘာလို့ ကျွန်တော့်ကို ညတိုင်းစကားလာပြောနေရတာလဲ?....."

"မသိဘူး ......"

"ဟမ် !!....ဘာမသိတာလဲ ?....
ခင်ဗျား ကိုယ့်နာမည်တောင် ကိုယ်မသိဘူးလား?...."

"အင်း.....ကို့နာမည်က  အားကျန့် လို့ထင်တာပဲ ......
ကို့ရဲ့ မမကအဲ့လိုပဲ ခေါ်တယ်....."

"အော် !......ဒါနဲ့ ခင်ဗျားက ဘာလို့ ဆေးရုံတတ်နေရတာလဲ ?......"

"ကိုယ်က ဦးနှောက်မှာ အကျိတ်ဖြစ်‌နေတယ်လေ ပြီးတော့ ဦးနှောက်က ရက်နည်းနည်းစာလောက်ပဲ မှတ်ထားနိုင်တာ.....
သတ်မှတ်ထားတဲ့ရက် ကျော်ရင်ဦးနှောက်က ဘာမှမမှတ်မိတော့ဘူး......"

"အော် !!.....ဒါလည်း တစ်မျိုး ကောင်းတာပဲ.....
ကျွန်တော်လည်း ခင်ဗျားလိုပဲ မေ့တတ်တဲ့ရောဂါသာ
ဖြစ်လိုက်ချင်တယ် ဒါမှ ကျွန်တော့်ရင်တွေ မနာကျင်တော့မှာ ...........အားကျန့်ကော! ခင်ဗျားအရမ်းကံကောင်းတယ် သိလား?....."

"ဟင်အင်း......မင်းက ပိုကံကောင်းတာပါ......
ကိုယ့်လိုမျိုး မှတ်ဉာဏ်ယိုယွင်းတဲ့ သူတစ်ယောက်ဖြစ်လာခဲ့ရင် အမြဲတမ်းမှတ်မိချင်နေတဲ့ ချစ်ရသူနဲ့ အမှတ်တရတွေကို မမှတ်ထားနိုင်ဘူး......
ချစ်ရသူရဲ့ စကားသံလေးတွေကို မမှတ်မိနိုင်ဘူး....
ချစ်ရသူရဲ့ မျက်နှာလေးကို ပုံမဖော်နိုင်ဘူး.......
အဆိုးဆုံးက ချစ်ရသူရဲ့ အနားမှာရှိနေရင်တောင်
ချစ်ရသူမှန်း မသိနိုင်တဲ့ ရောဂါ ......
အထူးသဖြင့် အဲ့ရောဂါက ကိုယ့်အတွက်တော့ ကျိန်စာတွေ‌လိုပဲ........" ဟု ဆိုကာ ဝမ်နည်းသော
အသံဖြင့် ရီပေါ်အား ပြောပြနေလေသည်။

ရီပေါ်တစ်ယောက် မိမိသာညတိုင်းငိုကြွေးနေပြီး ‌စကားလာ‌ပြောတဲ့သူကို ခံစားချက်မရှိတဲ့ သူဟုထင်မိရာ အဖတ်မလုပ်ပဲ နေခဲ့သည်။
သို့သော် ထိုလူနှင့် စကားပြောပြီးတဲ့အခါ ရီပေါ်တစ်ယောက် မိမိကသာ ထိုလူထက် ပိုကံကောင်းတယ်ဟု ‌တွေးမိလာပြီး  ထိုလူအား သနားစိတ်ဝင်လာခဲ့မိသည်။

"မငိုပါနဲ့တော့.....
ခင်ဗျား မငိုရင် ကျွန်တော့်အကြောင်း ပြောပြမယ်လေ.....နားထောင်ချင်လား?....." ဟု ရီပေါ်က မေးတော့ ဘေးအခန်းက ကျန့်‌ကောက တအင်းအင်း နှင့် ခေါင်းကို ငြိမ့်နေလေသည်။

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now