ချစ် အတ္တ - 36

3.6K 225 13
                                    

"ကိုကို .....
ကိုကို ထပါဦးဗျာ......ထ ထပါဉီး....." ဟု ရီပေါ်က က အိပ်ပျော်နေသော ရှောင်ကျန့်အား ညှင်သာစွှာနှိုးလိုက်သည်။ထိုအခါမှ ရှောင်ကျန့်က မျက်လုံးလေးဖွင့်လာပြီး....ရီပေါ်ကို သေချာကြည့်နေလေသည်။

"ကိုကို!!....ကိုကို ဘာလို့ကြည့်နေတာလဲဟင်?...."

"ရီပေါ်လား?...."

"အင်း......ရီပေါ်ပဲပေါ့ ....
ကိုကို့ဆီကို ရီပေါ်ကလွဲပြီး ဘယ်သူကလာမှာလဲ?.....
ကိုကိုနော် အသစ်တွေဘာတွေ ထားပြန်ပြီးလာ?..."
ဟု ရီပေါ်က မျက်နှာဆူပုပ်ပုပ်နှင့်မေးလိုက်တော့ .....
ရှောင်ကျန့်က ရီပေါ်ကို တင်းကြပ်စွာ ဖက်ထားလိုက်ပြီး ..….ရှိုက်ငို ‌နေလေသည်။ ထို‌ကြောင့် ရီပေါ်က ရှောင်ကျန့်မျက်နှာ‌လေးအား  ကြည့်မည်အလုပ် ရှောင်ကျန့်က ရီပေါ်ကိုပေးမကြည့်ဘဲ အတင်းဖက်ထား၍.......

"လွမ်းနေတာ.....ပြီးတော့ ကြောက်တယ်.....
အိမ်မက်ဖြစ်သွားမှာကို ကြောက်တယ်.....
ပုံရိပ်‌တွေလို ‌ပျောက်သွားမှာကို ကြောက်တယ်.....
ထားခဲ့ခံရမှာကို ‌ကြောက်တယ်..." ဟု ပြောကာ
တစ်သိမ့်သိမ့်နဲ့ ရှိုက်ငိုနေသော ရှောင်ကျန့် ၊ ရီပေါ် ရှောင်ကျန့်၏ ရင်ခွင်ထဲမှ ထွက်၍ ရှောင်ကျန့်၏ပါးပြင်ထက်က မျက်ရည်များကို တယုတယ သုတ်ပေးလိုက်သည်။

"ဘာမှ မ‌ကြောက်နဲ့ ကိုကို ....
ကိုကို့အနားမှာ ကျွန်တော်အမြဲရှိတယ်....."ဟု ပြောရင်း ရှောင်ကျန့်‌ခေါင်းလေးအား ရီပေါ်ရင်ခွင်ထဲ ထည့်၍ နှစ်သိမ့်နေမိသည်။

"ရီပေါ်!!!....."

"ဗျာ!...."

"တစ်နေ့ ကိုကိုက ရီပေါ်ကို ထားခဲ့ရင် ရီပေါ်ဘာလုပ်မလဲ?......."

"ကိုကိုက ကျွန်တော့်ကို ထားခဲ့ဖို့လား?...."

"ဟင်အင်း.....ကိုကိုမထားခဲ့ပါဘူး....."

"ဒါဆိုလည်း ပြီးပြီးလေ.....
ဖြေစရာမှ မလိုတော့တာကို ....."

"မရဘူးလေ.....ဖြေပေးပါနော်......"

"အဲ့ခါကျရင် ......ကျွန်တော် ကိုကို့ကို
မေးခွန်းတစ်ခုမေးမယ် အဲ့တာက ကိုကို ကျွန်တော့်ကို ချစ်သေးလာလို့.....အဲ့ဒီအခါကျရင် ကိုကိုက ချစ်သေးရင် ကျွန်တော်ကိုကို့လက်ကို ဆက်တွဲထားမယ်.....မချစ်တော့ဘူးဆိုရင်.....
ကျွန်တော် ကိုကို့ကိုချည်နှောင်ထားရလိမ့်မယ်....
ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်ပေါ့......"

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now