ချစ် အတ္တ -30

4.3K 259 47
                                    

ရီပေါ်ရဲ့ ကွာရှင်းကြရအောင် ဆိုတဲ့စကားအဆုံးမှာ
ရှောင်ကျန့် ရီပေါ်ကိုယ်လေးအား ပိုတိုး၍ ဖက်ထားမိလေသည်။မျက်ဝန်းထဲမှ မျက်ရည်များကလည်း ပါးပြင်ထက်သို့ ကျဆင်းလျှက်.....

"ဘာလို့လဲ?.....
ဘာလို့ ကွာရှင်းချင်ရတာလဲ?....ကိုကိုတို့နှစ်ယောက်
အဆင်ပြေနေပြီးမလား?....ရီပေါ်ကလည်း ကိုကို့ကို
ချစ်တယ်...ကိုကိုကလည်း....ရီပေါ်ကို....."

ရှောင်ကျန့်စကားမဆုံးသေးခင် ရီပေါ်တစ်ယောက်ရှောင်ကျန့်၏ ရင်ခွင်ထဲမှထွက်၍
ရှောင်ကျန့်ပါးပြင်ပေါ်မှ ကျလာသောမျက်ရည်စက်လေးများအား လက်မဖြင့် အသာအယာသုတ်ပေးလျှက်.......

"မငိုပါနဲ့ ကိုကို....
ကိုကို ငိုရင် ကျွန်တော့်ရင်တွေ နာလွန်းလို့ပါ...."

ရီပေါ်စကားအဆုံးမှာ ရှောင်ကျန့်တစ်ယောက်
မိမိပါးပြင်ကို ပွတ်သတ်နေသော ရရီပေါ်လက်လေးအားဆုပ်ကိုင်လျှက် .....

"ရီပေါ်.....ကိုကိုတောင်းပန်ပါတယ်...
ကိုကို ရီပေါ်နဲ့ မခွဲနိုင်ဘူး.....
ပြီးတော့ ကိုကို ရီပေါ်ကို ပဲချစ်တာပါ....."ဟူသော
‌ရှောင်ကျန့်၏ စကားအဆုံးမှာ ရီပေါ်၏တင်းခံထားသောမျက်ရည်များ ပါးပြင်ပေါ်သို့ ကျဆင်းလာ‌လေသည်။ထို့နောက် ကျေနပ်သော အပြုံးလေးတစ်ပွင့် ပြုံးလျှက်....

"ကျေးဇူးတင်ပါတယ် ကိုကို...
ကျွန်တော့်ကို ချစ်တယ်လို့ ပြောပေးလို့....
ဟက်! ဒီတစ်ခါ ကိုကို့ကို လက်လွှတ်ပေးခဲ့တာ
မှန်သွားပြီးထင်တယ်....ကိုကို့ဆီကနေ ကျွန်‌တော်ကို ချစ်တယ်ဆိုတဲ့စကားလေးကြားဖူးခဲ့ပြီး.....
ဒီစကားလေးကြားရဖို့ ကျွန်တော် အကြာကြီးစောင့်ခဲ့ရတာ.....ကြားမှ ကြားရတော့လည်း နှုတ်ဆက်စကားတဲ့လား ....
ဟက်!..."

ထိုအခါ ရှောင်ကျန့်က ရီပေါ်ပုခုံးလေးနှစ်ဖက်အား...
တင်းကြပ်စွာ ဆုပ်ကိုင်ထား၍ ရီပေါ်၏မျက်ဝန်းများကို သူ၏မျက်ဝန်းများနှင့် ဆုံစေလျှက်.......

"မဟုတ်ဘူး.!....ရီပေါ် အထင်လွဲနေတာပါ...
ကိုကို ရီပေါ်ကို အရမ်းချစ်တာပါ......
အဲ့တာ‌ကြောင့်မို့ ကိုကိုတို့ အရင်လို ပြန်နေကြရအောင်နော်...." ဟု ပြောကာ
‌ရီပေါ်အား မျှော်လင့်တကြီးနဲ့ ကြည့်နေသော ရှောင်ကျန့်အား....ရီပေါ်က

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now