ချစ် အတ္တ -41

3.2K 213 66
                                    

"ရီပေါ်!!......." ဟုရေရွတ်လျှက် ရှောင်ကျန့်က သူ၏နှုတ်ခမ်းသားများကို သူ့ရဲ့ လက်ချောင်းသွယ်လေးများနှင့် ပွတ်သတ်ကာ ရှက်ပြုံး ပြုံးနေသော‌ကြောင့် ................

ရီပေါ်က .......

"ထင်ရာတွေ လျှောက်တွေးပြီး ကြည်နူးမနေနဲ့....
ခင်ဗျာက တွေ့ ကရလူနဲ့ နမ်းတတ်တဲ့ အကျင့်ရှိလားလို့ စမ်းကြည့်လိုက်တာ.....
ဟက် !....စကားတောင် ဖွဲ့နွဲ့ ပြီး‌ ‌ပြောစရာမလိုဘူး..... အပေါစားဆန်လိုက်တာ...."
ဟု ပြောရင်း ဝမ်းနည်းသွားသော ရှောင်ကျန့်၏မျက်နှာလေးကို လျစ်လျူရှုကာ ‌ခြေထောက်  ‌ထော့နဲ့ ထောနဲ့နှင့် ထပြန်မည်လုပ်နေသော ရီပေါ်ကို ရှောင်ကျန့်ကပဲ တစ်ဖန် ပွေ့ ချီ၍ ရီပေါ်အခန်းထဲသို့ ပို့ပေးလိုက်လေသည်။

"တွေ့ ကရ လူကို နမ်းတာမဟုတ်ပါဘူး.....
မင်းမို့လို့ပါ....ရီပေါ် မင်းမို့လို့ မင်းအတွက်သာ
ပေါပေါသီသီဖြစ်နေတဲ့ ငါ့အချစ်နဲ့
ငါ့အနမ်းတွေပါ...." ဟု ပြောရင်း ရီပေါ်ရှေ့မှ အလျင်အမြန်ထွက်သွားတဲ့ ရှောင်ကျန့်၏ ကျောပြင်လေးအား ရီပေါ်တွေဝေစွာ ငေးကြည့်နေမိသည်။

*ကျွန်တော် မကောင်းဘူးနော်!.....
ကိုကို့ကို သံယောဇဉ်တွယ်လာအောင် လုပ်မိပြီး
အခုလည်းကိုကို့ရဲ့ အချစ်တွေကို စော်ကားမိပြန်ပြီး
ကိုကို့ရဲ့ နှလုံးသားကို ထပ်ခါထပ်ခါ နာကျင်အောင် လုပ်တဲ့ကျွန်တော် သေသင့်တယ်မလား?......*

*အပေါစားတဲ့လား?.....
ဒီလူ့အချစ်တွေက မင်းအတွေးထဲမှာ အပေါစားအချစ်တစ်ခုလား?.....ချစ်လွန်းလို့ပါ...
ချစ်လွန်းအားကြီးလို့ အမှန်အမှား
မခွဲခြားနိုင်တော့ဘဲ မင်းကို ချစ်နေမိတဲ့ ကိုယ့်ရဲ့အချစ်တွေက ပေါများသွားတော့ အပေါစားပါဖြစ်သွားခဲ့တာလား?....*

......................................................................

ရှောင်ကျန့်တစ်ယောက် ဘားတစ်ခုတွင် ထိုင်ကာ
ဝိတ်တာကောင်လေးပေးသော အရက်ခွက်များကိုလည်း တစ်ခွက်ပြီးတစ်ခွက် မော့သောက်နေလေသည်။ဘားရောက်ကတည်းက
သောက်နေသော ရှောင်ကျန့်အဖို့  နာရီအနည်းငယ်ကြာသည့်အချိန်၌ပင် အတော်ရေချိန်ကိုက်နေပြီ ဖြစ်လေသည်။

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now