ချစ် အတ္တ - 35

3.6K 211 20
                                    

[Zawgyi]
ဝူရန်ရဲ့ ဒိုင်ယာရီ...

ကျွန်တော်တို့ရဲ့ သူငယ်ချင်းသက်တမ်း 3နှစ်အတွင်းမှာ အဲ့ကလေးကိုအရမ်းချစ်မိလို့ ဖွင့်ပြောလိုက်တယ် သူကလည်း ကျွန်တော့်အချစ်ကို
လက်ခံတော့ ကျွန်တော်တို့နှစ်ယောက် ချစ်သူဖြစ်ခဲ့ကြတယ်။ချစ်သူ သက်တမ်းနှစ်နှစ်အတွင်းမှာ ကျွန်တော်တို့ ကြင်ကြင်နာနာနဲ့ တစ်ယောက်ကို တစ်ယောက် နားလည်မှုပေးပြီး...ဂရုတစိုက်နဲ့ ချစ်ခဲ့ကြတယ်။
တစ်ရက် ......ကျွန်တော်တို့ ချစ်သူဖြစ်သွားတာကို
သိသွားတဲ့ သူ့မိဘနှစ်ပါးက ကျွန်တော့်ကိုတစ်ယောက်ထဲ ခေါ်ခိုင်းခဲ့ပြီး သူ့ဘဝရှေ့ရေး အတွက် ကျွန်တော့်ကို  နောက်ဆုတ်ပေးလို့ ပြောခဲ့လာတယ် .....

ဒါကြောင့် ကျွန်တော်လည်း သူရဲ့ဘဝတက်လမ်းအတွက် နောက်ဆုတ်ပေးရန်
ကျွန်တော်သူ့ကို စတင်ရှောင်တိမ်းလာခဲ့တယ်....
သူ့ရှေ့တွင်လည်း ယောက်ျား ၊မိန်းမအကုန်
တွဲ ပြခဲ့တယ် တစ်လသာ ကုန်သွားတယ်.....သူက ကျွန်တော့်ကို စိတ်မကုန်တဲ့အပြင် ကျွန်တော့်ကို သူ့အနားက မခွဲသွားဖို့ အတင်းတောင်းဆိုလာတဲ့ အချိန် ....ကျွန်တော် အကောင်း ၊ အဆိုး ၊အမှန် ၊အမှား ခွဲခြားနိုင်စွမ်းမရှိတော့ ....တွေးလည်း မတွေးချင်တော့ဘူး .... ဒါ‌ကြောင့် ကျွန်တော်လည်း သူ့ကို အရမ်းချစ်ကြောင်း  ပြောပြခဲ့တယ်.....
ဒါကို သူလည်း လက်ခံယုံကြည်ပေးခဲ့တယ် .....

ဒါ‌ကြောင့် ကျွန်တော်တို့နှစ်ယောက် သူ့မိဘတွေ
မရှိတဲ့ ဝေးတဲ့ နေရာလေးတစ်ခုကို ခိုးပြေးခဲ့ကြတယ်။
ကျွန်တော်က အပြင်မှာ အလုပ်လုပ်ပြီး ပြန်လာရင်
သူက ဇနီးတစ်ယောက်လို ဂရုစိုက်ပေးပြီး....
စားချင်တာ မှန်သမျှကိုလည်း ချက်ကျွေးလေ့ရှိသည်။သူ အသက် 18 ပြည့်တဲ့နေ့မှာ သူနဲ့ ကျွန်တော် အဲ့‌နေရာလေးမှာပဲ တရားဝင်လက်ထက်ခဲ့ပြီး....မဂ်လာဦးည‌လေးကို စတင်ခဲ့တယ်။

ဒီလိုနဲ့ ကျွန်တော်တို့အိမ်ထောင်သက်တမ်း သုံးနှစ်ပြည့်တဲ့အချိန် ကျွန်တော်တို့ နေတဲ့နေရာလေးကို သူ့ရဲ့မိဘတွေ ရောက်လာခဲ့ကြပြီး....သူ့ကိုပြန်လာခ်ါခဲ့ကြသည်။
သူ့ကလည်း မလိုက်ချင် ၊ကျွန်တော်ကလည်း ပြန်မလွှတ်ချင်၍ နှစ်ယောက်သားထွက်ပြေးခဲ့ကြ‌သော်လည်း အချင်းနှီးသာ ။ သူ့မိဘတွေရဲ့ ကိုယ်ရံတော်အချို့က
သူ့ကို ကားပေါ်ထမ်းတင်သွားကြပြီး အချို့လူ‌တွေကတော့  ကျွန်တော့်ကို ရိုက်နှက်ပြီး
ထွက်သွားကြလေသည်။

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now