ချစ် အတ္တ -10

4.3K 273 29
                                    

ရီပေါ်တစ်ယောက် ရှောင်ကျန့်ယုံအောင်သာ မန်နေဂျာအလုပ်သွားလုပ်ရမယ်လို့ ပြောထားပေမဲ့......တကယ်တမ်းကျတော့ ပညာရေးကလည်း တစ်ပိုင်းတစ်စနဲ့ နာမည်ပျက်ရှိတဲ့သူလည်း ဖြစ်နေတော့....
ဘယ်သူကမှ ရီပေါ်ကို အလုပ်မခန့်ချင်ကြဘူး.....

ဒါပေမဲ့ ခက်ခက်ခဲခဲနဲ့ အလုပ် တစ်ခု‌တော့ ရလာပါတယ်.....အဲ့တာက တရားမဝင်
စည်ဝိုင်းအတွင်းမှာ တစ်ဦးကိုတစ်ဦး အလဲထိုးသည့်
နေရာတစ်ခုမှာ ဖြစ်သည်။ နှစ်ဦးနှစ်ဖက် ထိုးကြိတ်အပြီးတွင် အနိုင်ရသူက ကြေးများများ
ရရှိ၍ ရှုံးတဲ့သူက နစ်နာကြေးအနေနှင့် အနိုင်ရသူ ရရှိသည့် ကြေး၏ ဆယ်ပုံ နှစ်ပုံသာ ရလေသည်။

ရီပေါ်သည် ငယ်ငယ်ကတည်းကပင် သည်းခံတတ်သူမို့ ကျောင်းတက်တုန်းက အနိုင်လာကျင့်ခဲ့‌သော သူ‌တွေကိုတောင် လက်နှင့် တစ်ခါမှ ပြန်မရွယ်ခဲ့ဘူး။အခုစည်းဝိုင်းထဲ ရောက်တော့လည်း....တစ်ခါမှရန်မဖြစ်ဖူးသော ရီပေါ်အဖို့....ရှေ့ကအားကောင်းမောင်းသန် နဘမ်းသမားအား ဘယ်လိုမှ မတွန်းလှန်နိုင်ခဲ့ပေ။

ပြိုင်ပွဲအဆုံးတွင် ရီပေါ်တစ်ယောက် ဒဏ်ရာဒ‌ဏ်ချက်များနှင့် ကြမ်းပြင်ပေါ်သို့
လဲကျသွားလေသည်။ ဒိုင်လူကြီးက အနိုင်ရရှိသူကို
ကြေငြာပြီး၍ လူအားလုံးကလည်း ထိုနေရာမှ ပြန်သွားကြလေသည်။လူတွေ အကုန်ပြန်သွားတော့မှ ရီပေါ်တစ်ယောက် မရှိရှိသော အင်းအားနှင့် ကုန်းထ၍ ရီပေါ်အလုပ်ရှင် ဖြစ်ဟန်ရှိ‌သော သူဆီသို့ ငွေထုတ်ရန် သွားလိုက်လေသည်။သူဋေးပေးလိုက်သော ငွေများမှာ ရီပေါ်၏ ဒဏ်ရာ ကုသစရိတ်နှင့် ရက်အနည်းငယ်လောက် စားဖို့ လုံလောက်လေသည်။

ရီ‌ပေါ်သူဋေးက ရီပေါ်အား ဒဏ်ရာ ကုသစရိတ်ပေးထားသော်လည်း ရီပေါ်မှာ ထိုပိုက်ဆံတို့ကို ဒဏ်ရာကုသဖို့အတွက်တောင် မသုံးရက်ပေ။သူ့ ဒဏ်ရာကုမဲ့အစား ရှောင်ကျန့်မျက်စိ ကုဖို့အတွက်စုထားရင် ပိုးကောင်းမည်ဟုတွေးပြီး.......ဒဏ်ရာကုသဖို့ပိုက်ဆံကို ရှောင်ကျန့်မျက်စိကုဖို့ အတွက်သိမ်းထားလေသည်။ထို့နောက် နစ်နာကြေးအနေနှင့်ရလာသော ပိုက်ဆံတို့ကို ရှောင်ကျန့်အတွက် ထမင်းဆိုင်ကောင်းကောင်းမှာ တစ်ယောက်စာ ဝယ်လာ၍ ရီပေါ်ကတော့ ဘာဟင်းမှ မပါဘဲ ထမင်းဖြူသာ ဝယ်လာ‌လေသည်။

ချစ် အတ္တ ( Uni+ Zaw )Où les histoires vivent. Découvrez maintenant