ချစ် အတ္တ - 52

3.2K 189 29
                                    

မှောင်မဲနေသောနေသော အိမ်ထဲသို့  တံခါးလေးဖွင့်ပြီး ဝင်လိုက်ရာ.....

ဘယ်ကတည်းကရောက်နေမှန်းမသိတဲ့ စန္ဒယားကို
ကျန်ချန်း‌ကော ကတီးနေပြီး ဝူရန်ကလည်း အိမ်ပေါက်ဝမှ အိမ်ထဲထိခင်းကျင်းထားသော ကော်ဇော်တစ်‌လျှောက်တွင် နေရာယူကာ ရပ်နေလေသည်။ထို့နောက် ယီဘင်‌ကော က သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ကျွန်‌တော်အား နူးညံ့သောအပြုံးများနှင့် ပြုံးပြနေသော ကိုကို၏ မလှမ်းမကမ်း၌ ကတီပါ သေတ္တာ အသေးစားလေးအား ကိုင်၍ရပ်နေလေသည်။

ကျွန်တော်‌ကြောင်ပြီး ရပ်ကြည့်နေတုန်း ကိုကိုက

"ရီပေါ် !!....လာလေ ..." ဟု ဆိုကာ ကျွန်တော့်ကို ရင်ခွင်ထဲလာပါဦး ဆိုသည့် အမူအယာဖြင့် ကိုကိုက  လက်နှစ်ဖက်များ ဆန့်တန်းထားပေးလေသည်။

ကျွန်တော်လည်း အံ့သြခြင်းများစွာဖြင့် ကိုကို့ဆီကို လျှောက်လာခဲ့ပြီး ကိုကို့ရင်ခွင်ထဲတွင် အချိန်တစ်ခုထိ ဝင်နေလေသည်။

"ကိုကို !! ...ဒါက ....."

ကိုကိုက တစ်အံ့တဩနှင့်ဖြစ်နေသော ကျွန်တော့်ကို ရင်ခွင်ထဲမှထုတ်၍ မျက်လုံးချင်းဆုံ‌စေသည်။

"ဒါက ကိုကို ရီပေါ်ကို နောက်တစ်ကြိမ် ပြန်လက်ထက်မလို့ပါ .....ရီပေါ် ကိုကို့ကို လက်ခံနိုင်မလား?....." ဟုဆိုကာ ဆင်တူလက်စွပ် သေတ္တာလေးအား ကိုင်ကာဒူးထောက်နေသော ကိုကိုကြောင့် ကျွန်‌တော့် နှလုံးသားလေး အထိန်းအကွပ်မဲ့စွာ ‌ခုန်နေမိလေသည်။

"အင်း....." ဟု ကျွန်တော်ခေါင်းငြိတ်မိတော့ ကိုကိုက
ကျွန်တော့်လက်သူကြွယ်‌လေးကို လက်စွပ်‌လေး တစ်ကွင်း ဝတ်ပေးခဲ့တယ်။ ထို့နည်းတူ
ကျွန်တော်လည်း ကိုကို့ရဲ့ ဘယ်ဘက် လက်သူကြွယ်လေးပေါ်သို့ ကျွန်တော်နဲ့ တူညီတဲ့ လက်စွပ်လေး အပြန်အလှန်ဝတ်ပေးခဲ့တယ် ။

*ဒါပေမဲ့ ကိုကိုသိနိုင်မလား?.....
ကျွန်တော့်ရဲ့ ပျော်ရွှင်မှု‌တွေမှာ ကြောက်ရွံမှုတွေ
ပါနေတာကို .....*

ကျွန်တော်နဲ့ ကိုကိုရဲ့ လက်ထက်ပွဲလေးကတော့ သာမန်ကြည့်လျှင် သာမန်လက်ထက်ပွဲလေးတစ်ခုပါ
ဒါပေမဲ့ ကျွန်တော်နဲ့ကိုကိုရဲ့လက်ထက်ပွဲက လူနည်းစုနဲ့ပဲ လုပ်ခဲ့တယ်ဆိုပေမဲ့ .... ....
နွေးထွေးမှုတွေ ရရှိခဲ့တယ် ။

ချစ် အတ္တ ( Uni+ Zaw )Onde as histórias ganham vida. Descobre agora