ချစ် အတ္တ -33

3.9K 250 34
                                    

ရှောင်ကျန့်တစ်ယောက် အိပ်ရာနိုးနိုးချင်း
မိမိလက်မောင်းပေါ်တွင် အိပ်နေသော ကောင်မလေး‌ကြောင့် ရှောင်ကျန့်လန့်ဖြန့်ကာ ထထိုင်မိလေသည်။ရှောင်ကျန့်က အလန့်တကြားနှင့်
အိပ်ပျော်နေသော ထိုကောင်မလေးအား ကြည့်နေတုန်း ..............

"ကိုကို.....ဘာဖြစ်သွားတာလဲ?.....
ဒီမှာ အိပ်လို့ကောင်းတုန်းပဲ ရှိသေးတယ်လေ....."
ဟု ဆိုကာ ရှောင်ကျန့်ရင်ခွင်ထဲသို့ တိုးဝင်လာသော
ထိုကောင်မလေး......

ရှောင်ကျန့် အမြန်ပင်ရင်ခွင်ထဲမှ ကောင်မလေးအား
တွန်းထုတ်၍ ........

"သွား!.....ငါ့...ငါ့နား မကပ်နဲ့.....
နောက်တစ်ခါ ငါ့အခန်းထဲကိုလည်း မဝင်လာနဲ့....
မဟုတ်ရင် ငါမင်းကို အိမ်ပေါ်ကနေ မောင်းချလိုက်မယ်....." ဟု ရုပ်တည်ကြီးနှင့် ပြောလိုက်သော‌ကြောင့်.......

ထိုကောင်မလေးက လဲနေရမှာ ထ၍ .........

"ကိုကိုကလည်း စိတ်ချည်းပဲ..." ဟုပြောကာ
‌ရှောင်ကျန့်နှုတ်ခမ်းအား "မွ" ဟူသော အသံမည်အောင် နမ်း‌၍ အခန်းထဲမှ ပြေးထွက်သွားလေသည်။

ထိုအခါမှ ရှောင်ကျန့်တစ်ယောက် အိပ်ရာပေါ်တွင်
ငူငူကြီး ကျန်ခဲ့လေသည်။

*သွားပြီး!....ငါ ဒီကောင်မလေးကို
အိမ်ပေါ်တင်ထားမိတာ ကလေးကို သစ္စာဖောက်မိသလိုများဖြစ်နေပြီလား?.....*

*ကိုကို ဒါအစပဲရှိသေးတယ်......
တဖြည်းဖြည်းနဲ့ ကိုကို့အသဲကို ရအောင်ပြန်ယူပြမယ်........*

.......................................................................

"ကိုကို .....ထမင်းလာစားတော့လေ....
မိန်းမ ဟင်းချက်ထားတယ်....." ဟု ပြောရင်း
ရှောင်ကျန့်အား မျက်နှာချိုသွေးနေသော
ထိုကောင်မလေးအား ရှောင်ကျန့်ရုပ်တည်ကြီးနှင့်
ပြန်ကြည့်၍.....

"ငါ့မှာ အိမ်ထောင် ရှိတယ်လို့ မင်းကိုပြောထားတယ်မလား?.....
ပြီးတော့ မင်းက ငါ့မိန်းမ မဟုတ်ဘူး.....
ငါ့မှာ မိန်းမမရှိဘူး....ယောက်ျားပဲ ရှိတယ်....." ဟု
ပြောကာ ရှေ့တွင် ချထားသော ထမင်းပန်းကန်လေးအား ရှောင်ကျန့်ငုပ်စားနေလိုက်သည်။

စားရင်းနှင့်ပင် ဟင်းချက်လက်ရာများက ရီပေါ်လက်ရာနှင့်တူနေသော‌ကြောင့် ရှောင်ကျန့်ထမင်းနှင့် ဟင်းကိုအသားကုန်ကြုံးစားနေမိသည်။
ထိုအခါမှ ကောင်မလေးက.......ဘေးက ရေခွက်လေးအား ရေထည့်ပေး၍ ......

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now