ချစ် အတ္တ -31

3.9K 231 26
                                    

ရီပေါ်ထွက်သွားတဲ့ နှစ်ရက်အတွင်းမှာ ရှောင်ကျန့်တစ်ယောက် အိမ်ရှေ့တံခါဝ၌သာ ရပ်နေတတ်၍  ရီပေါ်ပြန်လာမည့် အချိန်ကိုစောင့်နေလေသည်။
ခြေထောက်ဒဏ်ရာကလည်း ညစ်ပတ်နေပြီး
သွေးစများပင် ခြောက်ခမ်းနေပြီဖြစ်သည်။
ထမင်းမစား ၊ရေမသောက် ‌သော‌ကြောင့်....
တကိုယ်လုံးမှာ ဖြူဖပ်ဖြူရောဖြစ်နေပြီး
‌ခြေထောက်ဒဏ်ရာကလည်း တစ်ချက်တစ်ချက် ကိုက်ခဲနေလေသည်။ရီပေါ်ထွက်သွားပြီး နှစ်ရက်ပြည့်တဲ့ ညမှာ ရှောင်ကျန့်တစ်ယောက်
ထိုအိမ်ရှေ့တံခါးဝ၌ပင် မေ့မျောသွားလေသည်။

*ကလေးလေး....ကိုကို စောင့်နေတယ်နော်
ပြန်လာခဲ့ပါကွာ.....အရမ်းလွမ်းလှပြီ......*

....…...........................................................

ရီပေါ်တစ်ယောက် ညကအိမ်မက်မကောင်းသော‌ကြောင့် မနက်ရောက်တာနဲ့ လိုအပ်တာတြွေပန်ထည့်ပြီး
ပေကျင်းသို့အမြန်လေးပြန်လာခဲ့လေသည်။
ညနေ နေဝင်ချိန်လောက်တွင်  ရီပေါ်တစ်ယောက်
ရှောင်ကျန့်နေတဲ့ အိမ်လေးသို့ ‌ရောက်လာခဲ့လေသည်။အိမ်ထဲဝင်မည်အလုပ် အိမ်ရှေ့တံခါးဝတွင် တစ်မျှော်မျှော်နှင့် ရပ်နေသော ရှောင်ကျန့်ကို ‌တွေ့လိုက်ရလေသည်။
မည်သည့်အကြောင်းပြချက်ပေးပြီး ဝင်ရမလဲမသိသောကြောင့်  ရှောင်ကျန့်ကို အချိန်အတော်ကြာထိ  အပြင်ကနေပဲ ရီပေါ်တစ်ယောက် လှမ်းကြည့်နေခဲ့သည်။ ည၇နာရီလောက်အချိန်တွင်
ရီပေါ်လည်း ရှောင်ကျန့်ဘာမှမဖြစ်တာ
‌တွေ့‌သောကြောင့်  ပြန်မည်အလုပ်......

ဘုတ်!!!!......

အိမ်ထဲမှ ထွက်လာသောအသံတစ်ခုက အရမ်းကျယ်နေသော‌ကြောင့် ရီပေါ်လှမ်းကြည့်လိုက်ရာ.......

ရှောင်ကျန့်၏ ကိုယ်လေး‌ကြမ်းပြင်ပေါ်သို့ လဲကျ၍ ‌ရှောင်ကျန့်၏ မျက်လုံးတို့  မှေးစင်းသွားခဲ့လေသည်။ထို့ကြောင့် ရီပေါ်လည်း
အလန့်တကြားဖြင့် သော့မခတ်ထားသော ခြံလေးထဲကို အမြန်ဝင်ကာ ရှောင်ကျန့်ကိုယ်လေးအား ရင်ခွင်ထဲသို့
‌ထွေးပွေ့ ထားလိုက်လေသည်။

"ဘယ်လိုတွေ နေနေရတာလဲ?.....
ပျော်ပါစေတော့ ဆိုပြီး လက်လွှတ်ခဲ့တာ.....
ဒီလိုမြင်ကွင်းမျိုး မြင်ရဖို့မှ မဟုတ်တာ.......
သိပ်ဆိုးလိုက်တာ ကိုကိုရယ်......."ဟု  ပြောရင်း
ပါးပြင်ထက်တွင် ကျလာသော မျက်ရည်များနှင့်အတူ ရီပေါ်ရှောင်ကျန့်ကို ပိုတိုး၍ ဖက်ထားလိုက်လေသည်။

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now