ချစ် အတ္တ -55

3.9K 227 29
                                    

"ပါးပါး!! ကျွန်တော် ညီညီလေးကို လက်ထက်ချင်တယ်  အဲ့တာလက်ခံ‌ပေးပါ...."

ဝူရန်တစ်ယောက် ကော်ဖီသောက်နေ‌တုန်း ချစ်လှစွာသောသား ရှောင်ကျန့်၏စကား‌ကြောင့် သောက်လက်စ ကော်ဖီများသီးသွားရလေသည်။

"ဘယ်လို !! ....ဘာပြောလိုက်တာလဲ?....."

"အာ !! ပါးကလည်း.....
ကျွန်တော် ညီညီလေးကိုလက်ထက်ချင်တယ်လို့
ပြောတာလေ....."

"ရီပေါ်လေးကို လက်ထက်ချင်တယ်ပေါ့ ဟုတ်လား?.....‌"

"ဟုတ်တယ် ...ကျွန်တော့်သူ့ကို အရမ်းချစ်တယ်
ပြီးတော့ ကျွန်တော်တို့နှစ်ယောက် ကမ္ဘာလေးတစ်ခုတည်ဆောက်...."

ရှောင်ကျန့်တစ်ယောက် မိမိ၏ စိတ်ကူး‌ယဉ်
စကားများကို ဖခင်ဝူရန်အား ပြောနတုန်း
ရုတ်တရက်ကျရောက်လာသော ဖခင်၏မထိတထိကန်ချက်။

"အား ! ပါး!!.....ဘာလို့ကန်တာလဲ?....."

"‌စောက်ကောင် !!! အသုံးမကျတဲ့ကောင်.!!!....
ဘာ အလုပ်အကိုင်မှမရှိဘဲ ငါ့သားငယ်ကိုများ
မျက်စောင်းလာထိုးနေတယ် အသက်ပျောက်သွားမယ်.....ဘာမှတ်နေလဲ?...."

"အယ် ပါးကလည်း ညီညီလေးနဲ့ကျွန်တော်က တရားဝင်ချစ်သူဖြစ်သွားပြီလေ.....
အဲ့တာ ကျွန်တော်သူ့ကိုလက်ထက်ချင်တာ မှားလား?.....မှားလားဆို !!...." ဟုဆိုကာ ပြိုတော့မည့် မိုးကဲ့သို့ ညိုးနေသော ရှောင်ကျန့်၏ မျက်နှာလေးကြောင့် ဝူရန်တစ်ယောက် သက်ပြင်းရှည်ကြီးတစ်ချက်ချကာ ရှောင်ကျန့်ဘေးနားဝင်ထိုင်လိုက်လေသည်။

"သား !! ရှောင်ကျန့် သားတို့ကတရားဝင်ချစ်သူဖြစ်တာ မှန်ပေမဲ့
သားတို့က အနေနီးလို့ သံယောဇဉ်ဖြစ်နေတာလား?..
ဒါမှမဟုတ် သားတို့ထင်သလိုပဲ တကယ်အချစ်ဆိုတာလား ဆိုတာကို သဲကွဲလို့လား?.....ပြီးတော့ သားတို့ကငယ်သေးတယ်လေ.....
ငယ်ရွယ်ချိန် စိတ်ကစားမှုရော မဖြစ်နိုင်ဘူးလား?...."

"ကျွန်တော် ....ကျွန်တော် ပါးပြောတဲ့အရာတွေကို
မတွေးမိခဲ့ဘူး.......ဒါပေမဲ့ ကျွန်တော်သိတာက တစ်ခုပဲ ရှိတယ်။ အဲ့တာက ကျွန်တော်သူ့ကို အရမ်းချစ်တယ် ။ဒါဟာ ငယ်ရွယ်ချိန် စိတ်ကစားမှုတစ်ခု မဟုတ်တာတော့ ကျွန်တော်ပြောနိုင်ပါတယ်။ပြီးတော့ ကျွန်တော်သူ့ကို ပိုင်ဆိုင်ချင်တယ် ၊ လက်ထက်ချင်တယ် ပါးရယ်......"

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now