ချစ် အတ္တ -39

3.4K 218 58
                                    

ငိုနေတာလားဗျာ?.......
မငိုပါနဲ့.....ကိုကို ငိုရင်  ကျွန်တော့် နှလုံးသားလေး
နာကျင်လွန်းလို့ပါ.......

အရင်လို အရမ်းချစ်တယ်လို့ တစ်ဖွဖွပြောနေချင်ပေမဲ့......
ကျွန်တော့်လို ‌သေခါနီး လူတစ်ယောက်ရဲ့ အချစ်တွေကြောင့်....
ကိုကို့ကို တမ်းတခြင်းများစွာနဲ့ ကျန်နေခဲ့ရမှာကို
ကျွန်တော်မလိုလားဘူး.........

ကိုကို သိလား ?.....ကျွန်တော်လေ အချိန်တွေကို
နောက်ပြန်ဆုတ်လို့ရခဲ့ရင် ....ကိုကို ကျွန်တော့်အိမ်ကို ပထမဆုံးရောက်ဖူးတဲ့နေ့‌လေးကို ပြန်သွားချင်တယ်.....မဟုတ်ဘူး......
ဝူရန်ဆီကနေ ကိုကို့ကိုတောင်းခဲ့တဲ့ နေ့ကိုပြန်သွားလိုက်ချင်တယ်.....အဲ့ဒီအခါကျရင်
ကိုကို့ကို ဆုအဖြစ်တောင်းမဲ့အစား ကိုကို့ကို
လွတ်လပ်ခွင့်ပေးပါလို့ တောင်းခဲ့မှာ........
ဒါပေမဲ့ အခုတော့......ကျွန်တော့်ရဲ့ အတ္တ‌တွေ‌ကြောင့်.....ကိုကို ခံစားနေရပြီး.....
ကျွန်တော် တောင်းပန်ပါတယ်......

ကိုကို!.....ကျွန်တော် အသက်ရှင်ရမဲ့ အချိန်  3နှစ်တဲ့......ဟက်!....အချိန်တွေ အကြာကြီး ဘာရောဂါ လက္ခဏာမှ  မပြခဲ့တဲ့ ဝေဒနာ၊ သိမှသိရ‌တော့လည်း သေခါနီးအချိန်ကျမှ ကျွန်တော်အရမ်းကို ခံပြင်းတယ်.....
ကျွန်တော် သေရမှာကို မကြောက်ပေမဲ့....... ကျွန်တော် မရှိတော့တဲ့ အချိန်
ကိုကို‌ တစ်ယောက်ထဲ ခံစားနေရမှာကို ပိုကြောက်တယ်.......ကျွန်တော် ကိုကို့အနားမှာ မရှိတော့တဲ့ တစ်ချိန်ကျရင် ကျွန်တော့်ကို ကိုကို ‌မေ့သွားမှာ ကြောက်ပေမဲ့ ......
ကိုကိုကျွန်တော့်ကို မမေ့နိုင်ဘဲ တစ်ယောက်ထဲ ခံစားနေရမှာကို ကျွန်တော် ပိုကြောက်တယ်.....
ဒါကြောင့် ကျွန်တော့်ကိုမမေ့နိုင်ဘဲ ကိုကိုတစ်ယောက်ထဲ ခံစားနေရမယ့်အစား
ကျွန်တော့်ကို ကိုကို မေ့သွားပြီး ‌ပျော်စရာအမှတ်တရတွေနဲ့ပဲ ကြုံတွေ့ ‌စေချင်တယ်
ကိုကို.......

.................................................................

Yesterday.......

ရီပေါ်တစ်ယောက် မေ့လဲပြီးခဏအကြာမှာ
ဘေးခြံက ကလေးတစ်စု ဘောလုံးကစားရင်း
ဘောလုံးက အရှိန်လွန်ပြီး ရီပေါ်တို့ခြံထဲသို့ ဝင်သွားသောကြောင့် ခြံထဲသို့ ဘောလုံး ဝင်ကောက်ရာ အိမ်ထဲမှ မေ့လဲနေသော ရီပေါ်ကို
‌လှမ်းမြင်ရ‌သောကြောင့် ကလေးများက အိမ်ကလူကြီးတွေကို ခေါ်ပြီး ရီပေါ်အားဆေးရုံပို့ပေးခဲ့ကြလေသည်။ ဆေးရုံသို့
ရောက်သောအခါ  အသက်ရှူရခက်ပြီး သတိမေ့နေသော ရီပေါ်အား ဆရာဝန်များက အရေးပေါ် အောက်စီဂျင်အမြန်ပေး၍ အသက်ရှူနှုန်း ပုံမှန်ဖြစ်အောင် ကုသပေးလေသည်။ထို့နောက်တွင် အ‌ခြေအနေပုံမှန်ဖြစ်သွားသော ရီပေါ်အား ဆရာဝန်များက ပုံမှန်လူနာဆောင်သို့ ပြောင်းရွှေ့ပေးခဲ့လေသည်။

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now