ချစ် အတ္တ -42

3K 211 10
                                    

"ကော......ကိုကို့ကို တွေ့ မိလား?...."

"ဟင်အင်း.....ဘာလို့လဲ ရီပေါ် ......."

"မနေ့က ကိုကိုအိမ်ပြန်မလာဘူး...."

"အဲ့တာ ဘာထူးဆန်းလို့လဲ ရီပေါ်ရ....."

"ကောကလည်း မနေ့ ညနေက ကိုကို ဆေးသွားဝယ်မယ်ဆိုပြီး ထွက်သွားတာ ....
ပြီးတော့ ခဏနေရင်ပြန်လာမယ်ဆိုပြီး ....
ဒီမနက်ထိ ပြန်မလာသေးဘူး.....
ကိုကို ဘာဖြစ်နေလဲ မသိဘူး ကျွန်တော် စိတ်ပူလိုက်တာ.....ကျွန်တော်တို့ သွားရှာရအောင်...." ဟု ပြောကာ အိမ်ထဲမှထွက်ရန် ပြင်နေသော ရီပေါ်၏လက်မောင်းလေးအား  ဝမ်ချောင်းကလှမ်းဆွဲလိုက်ပြီး......

"ခဏ!....ခဏလေး‌စောင့်ကြည့်ပါဦးလား ရီပေါ်ရယ်....ပြီးတော့ ရှောင်ကျန့်လည်း ကလေးမဟုတ်တော့ဘူးလေ.......သူ အလုပ်ကိစ္စ
ကြောင့် အိမ်ပြန်မလာဖြစ်တာ ဆိုရင်ရော???......"

"မဖြစ်နိုင်ဘူး!.....အဲ့တာဆို ကျွန်တော် ဖုန်းဆက်တာ ဘာလို့မကိုင်တာလဲ?....
သူသာအလုပ်ထဲရောက်နေမယ်ဆိုရင် ကျွန်တော့်
ဖုန်းကိုကိုင်မှာပေါ့....ခုတော့...." ဟု ဆိုကာ အသံလေးတိမ်ဝင်သွားပြီး  မျက်ရည်များ ဝိုင်းလာကာ  ငိုတော့မည့်ရီပေါ်အား ဝမ်ချောင် ခေါင်းလေးကို သာသာလေးပုတ်ပြီး နှစ်သိမ့်မိသည်။

"မငိုနဲ့တော့ ကလေးလေး...
လာ!..ကောတို့ ရှောင်ကျန့်ကို သွားရှာကြမယ်.."
ဟု ဆိုကာ ရီပေါ်၏လက်ကိုဆွဲလျှက် ဝမ်ချောင်းတစ်ယောက် အိမ်အပြင်သို့ ထွက်မည်အလုပ် အိမ်ရှေ့တွင်ထိုးရပ်လာသော ကားတစ်စီး‌ကြောင့် ရီပေါ်တို့ ဆက်သွားမည့်ခြေလှမ်းများ ရပ်သွားခဲ့လေသည်။

ထို့နောက် အိမ်ထဲသို့ဝင်လာသော ရှောင်ကျန့်နှင့် ကောင်မလေးတစ်ယောက်.........
ရီပေါ် စိတ်ကို အတက်နိုင်ဆုံးထိန်းထားသည်။
ထိုကောင်မလေးနှင့် ရှောင်ကျန့်ရှေ့မှာ အရမ်းစိတ်ပူခဲ့‌ကြောင်း ၊အရမ်းအူတိုနေကြောင်း
အရမ်းစိတ်ကောက်ချင်ကြောင်း သူမပြလိုပါ....
ထို့ကြောင့် မျက်နှာပေါ်တွင် အပြုံးတုတစ်ခုကို ဆင်မြန်းလျှက် ဝမ်ချောင်၏လက်လေးအား တင်းကြပ်နေအောင် ဆုပ်ကိုင်လိုက်လေသည်။

"ကိုကို....သွားမယ်လေ....
နောက်ကျတော့မယ်......."

"အင်း.....သွားမယ်လေ
အချစ်ရဲ့......." ဟု ဆိုကာ ရီပေါ်၏လက်အားဆွဲ၍
အပြင်သို့သွားမည်လုပ်နေသော‌ကြောင့် ......

ချစ် အတ္တ ( Uni+ Zaw )Where stories live. Discover now